ကန်ဒေါ်လာ (၄၈.၀၄)သန်း ကုန်ကျမည့် (မြောက်ဥက္ကလာပနှင့်မြောက်ဒဂုံမြို့နယ်)လျှပ်စစ်ဓာတ်အားစနစ် စီမံကိန်း

Ads Ads Ads

ရန်ကုန်မြို့တော် အဆင့်မြင့်တင်ရေး စီမံကိန်းအတွက် လျှပ်စစ်ဓာတ်အားစနစ်ဖွံ့ဖြိုးတိုးတက်မှု (မြောက်ဥက္ကလာပနှင့်မြောက်ဒဂုံမြို့နယ်)စီမံကိန်းကို Yangon Eletricity Supply Corporation၊ လျှပ်စစ်နှင့် စွမ်းအင်၀န်ကြီးဌာနမှ ဘဏ္ဏာနှစ် (၂၀၂၀-၂၀၂၁)မှစပြီး (၂၀၂၄-၂၀၂၅)အထိ (၅)နှစ် စီမံကိန်းနဲ့ အကောင်ထည်ဖော် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

ဒီစီမံကိန်းမှာ ဓာတ်အားခွဲရုံနှင့် လျှပ်စစ်ဖြန့်ဖြူးရေးလိုင်းများကို အဆင့်မြှင့်တင်ခြင်းနှင့် ချဲ့ထွင်ခြင်းတို့ ပါ၀င်မှာဖြစ်ပြီး စီမံကိန်းပြီးစီးသွားပါက ဓာတ်အားခွဲရုံတွေက (၁၈၀) မဂ္ဂါဝပ်အမ်ပီယာ (MVA)နဲ့ လွှတ်တင်ပေးနိုင်မှာ ဖြစ်ပါတယ်။

စီမံကိန်းကို အိမ်နီးချင်းနိုင်ငံများ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (NEDA)နှင့် ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း (YESC) မှဘတ်ဂျက်အထောက်အပံ့နဲ့ ချေးငွေထောက်ပံ့မှုဖြင့် အကောင်အထည်ဖော်သွားမှာ ဖြစ်ပါတယ်။

စီမံကိန်းမှာ မြို့နယ် (၄)ခုဖြစ်တဲ့ မြောက်ဥက္ကလာပမြို့နယ်၊ မရမ်းကုန်းမြို့နယ်၊ အရှေ့ ဒဂုံမြို့သစ်မြို့နယ်နှင့် မြောက်ဒဂုံမြို့နယ်မြို့သစ် စတဲ့မြို့နယ်တွေရဲ့ လူနေအိမ်များ၊ မြို့ပြ ဖွံ့ဖြိုးတိုးတက်မှုဒေသများနှင့် စက်မှုဇုန်တွေ အတွက် အကောင်အထည်ဖော်သွားမှာ ဖြစ်ပါတယ်။

ရန်ကုန်မြို့မှာ လူဦးရေ (၇.၃) သန်းခန့်ရှိပြီး မြန်မာနိုင်ငံရဲ့ လူဦးရေ အထူထပ်ဆုံးသော မြို့တစ်မြို့လည်းဖြစ်ပြီး မြန်မာနိုင်ငံရဲ့ စီးပွားရေးအချက်အချာမြို့ ဖြစ်ပါတယ်။ 

ရန်ကုန်မြို့မှာ (၄၅) မြို့နယ်နှင့် စက်မှုဇုန် (၁၅) ခုရှိပါတယ်။ တိုင်းဒေသကြီးရဲ့ အရှေ့ပိုင်းနှင့် မြောက်ပိုင်းမှာ စက်မှုဇုန် ခုနစ်ခုနှင့် ရှစ်ခုအသီးသီးရှိပါတယ်။ သီလဝါ အထူးစီးပွားရေးဇုန်က တောင်ပိုင်းခရိုင်မှာရှိပါတယ်။

လက်ရှိအချိန်မှာ ရန်ကုန်မြို့ရဲ့ လျှပ်စစ်ဓာတ်အားအချိုးက (၈၆)ရာခိုင်နှုန်း ရှိပါတယ်။ စီးပွားရေး တိုးတက်မှုကြောင့် ရန်ကုန်မြို့မှာ လျှပ်စစ်ဓာတ်အားလိုအပ်ချက်က မကြာသေးမီနှစ်များအတွင်း လျင်မြန်စွာ မြင့်တက်နေပါတယ်။

(၂၀၁၉) ခုနှစ်မှာ အများဆုံးလျှပ်စစ်ဓာတ်အားလိုအပ်ချက်က (၁၅၉၀) မဂ္ဂါဝပ် (MW)ရှိနေပါတယ်။ (၂၀၂၂) ခုနှစ်မှာ ခန့်မှန်းထားတဲ့ စီးပွားရေးတိုးတက်မှုကို ထည့်သွင်းစဉ်းစားပါက အမြင့်ဆုံးလျှပ်စစ်ဓာတ်အားလိုအပ်ချက်က ရန်ကုန်တိုင်းမှာ (၂,၅၂၄) မဂ္ဂါဝပ်ခန့်ရှိနေမယ်လို့ ခန့်မှန်းထားပါတယ်။

ဒါ့ကြောင့် တည်ငြိမ်ပြီး စိတ်ချရသော လျှပ်စစ်ဓာတ်အားလိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ရန် အတွက် လက်ရှိရန်ကုန်လျှပ် စစ်ဖြန့်ဖြူးရေးကွန်ယက်ကို တိုးချဲ့ရန် မရှိမဖြစ်လိုအပ်ပါတယ်။

ဒီစီမံကိန်းက အစိုးရရဲ့ (၁၂) ချက်ပါ စီးပွားရေးပေါ်လစီမှာ ဖော်ပြထားသော စတုတ္ထမူဝါဒဖြစ်တဲ့ စွမ်းအင်ထုတ်လုပ်ခြင်း ကဲ့သို့သော အခြေခံစီးပွားရေး အခြေခံအဆောက်အအုံကို လျင်မြန်စွာဖွံ့ဖြိုးတိုးတက်စေရန် ဦးစားပေးဆောင်ရွက်ခြင်း ဖြစ်ပါတယ်။

စီမံကိန်းက ရန်ကုန်တိုင်းဒေသကြီးရဲ့ အရှေ့ပိုင်းနှင့် အနောက်ပိုင်းရှိ လက်ရှိ လျှပ်စစ်ဖြန့်ဖြူးရေးစက်များကို တိုးချဲ့ခြင်းနှင့်အဆင့်မြှင့်ခြင်းဖြင့် ဖြန့်ဖြူးမှုဆုံးရှုံးမှုများကို လျှော့ချနိုင်မှာ ဖြစ်ပြီး ၆၆ ကီလိုဗို့ (kV) ring circuit ပြီးစီးသောအခါ ပါဝါပြတ်တောက်မှုကြာချိန်နဲ့ အကြိမ်ရေကို လျော့ချပေးနိုင်မှာ ဖြစ်ပါတယ်။

ထို့အပြင် ရည်မှန်းထားတဲ့ မြို့နယ်များရှိ စားသုံးသူများနှင့် ကူးသန်းရောင်းဝယ်ရေး၊ စီးပွားရေးလုပ်ငန်းတွေအတွက် လုံလောက်ပြီး စိတ်ချရသော လျှပ်စစ်ဓာတ်အားများကို ဖြန့်ဖြူးပေးနိုင်မှာ ဖြစ်ပါတယ်။

By Yangon Directory

Yangon Trend Read 265 times