Yangon Trend

ရန်ကုန်ရှိမြို့နယ်(၅)မြို့နယ် ယာယီဓာတ်အားပြတ်တောက်မည်

Read 528 times

ရန်ကုန်အရှေ့ပိုင်းခရိုင် 230/66/33kV သာကေတဓာတ်အားပေးစက်ရုံမှ ဓာတ်အားပေးထားသော 
66kV သာကေတ-ပုသိမ်ညွန့် ဓာတ်အားလိုင်းနှင့် 33kV သာကေတ-ပုသိမ်ညွန့် ဓာတ်အားလိုင်းများတစ်လျောက်မလွတ်မကင်းဖြစ်နေသော သစ်ပင်၊သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းခြင်းကို (၁၆.၁၁.၂၀၂၁) မနက်(၉)နာရီမှနေ့လည်(၁)နာရီအထိဆောင်ရွက်သွားမည်ဖြစ်သည်။ထိုသို့ဆောင်ရွက်နေစဥ်အတွင်း 
-သာကေတ
-ဒေါပုံ
-တာမွေ
-မင်္ဂလာတောင်ညွန့်
-သင်္ဃကျွန်းမြို့နယ်များရှိ ရပ်ကွက်အချို့တွင် ယာယီဓာတ်အားပြတ်တောက်မည်ဖြစ်ကြောင်း
ရန်ကုန်လျှပ်စစ်ဓာတ်အားကော်ပိုရေးရှင်မှ ကြေညာချက်ထုတ်ပြန်ထားသည်။

Bookmark