လူတွေရဲ့နေစဥ်ဘဝမှာ အရေးပါလာတဲ့လူသွားစင်္ကြံတွေ




ကျွန်တော်တို့တွေ နေ့စဉ်လှုပ်ရှားသွားလာရင်းအသုံးပြုနေကြတဲ့ လူသွားစင်္ကြံတွေ အကြောင်းကို မကြာခဏ စဥ်းစားမိမှာမဟုတ်ပေမယ့် သူတို့ကမြို့ပြ ပတ်ဝန်းကျင်တွေအတွက် အလွန်အရေးပါပါတယ်။ လူသွားစင်္ကြံတွေဟာ ကျွန်တော်တို့ ပတ်ဝန်းကျင်အတွက် အကျိုးကျေးဇူးများစွာပေးနိုင်ပြီး ဒီအထဲက တချို့ကို ဖော်ပြပေးလိုပါတယ်။

၁။ မြို့နေပြည်သူများရဲ့ ကျန်းမာရေးကို ပိုမိုကောင်းမွန်စေပါတယ်

လူသွားစင်္ကြံတွေက လမ်းလျှောက်မှုကို ပိုမိုအားပေးတဲ့အတွက် ကိုယ်လက်လှုပ်ရှားမှုဖြစ်စေပြီး ကျန်းမာရေးကို အထောက်အကူပြုပါတယ်။ အနည်းဆုံး မိနစ်သုံးဆယ် ခပ်သွက်သွက် လမ်းလျှောက်တယ်ဆိုရင် ကယ်လိုရီ (၃၀၀) အထိလောင်ကျွမ်းစေပြီး အဝလွန်ခြင်းမှလည်း (၄.၈%) အထိ ‌လျှော့ချပေးနိုင်ပါတယ်။

ဝန်ထမ်းတွေဆိုရင်လည်း ကားအကြာကြီးစီးပြီး လုပ်ငန်းခွင်ကိုသွားရတာထက် လမ်းလျှောက်ပြီးသွားမယ်ဆိုရင် စိတ်ကျန်းမာရေးကိုလည်း အထောက်အကူပြုနိုင်ပါသေးတယ်။

၂။ လမ်းလျှောက်သွားလာသူတွေအတွက် အန္တရာယ်ကင်းရှင်းစေပါတယ်

အကောင်းဆုံးတည်ဆောက်ထားတဲ့ လူသွားစင်္ကြံတွေက လမ်းလျှောက်သွားလာသူတို့ကို ယာဉ်အန္တရာယ် (သို့) တခြားသောအန္တရာယ်တွေမှ ကာကွယ်ပေးနိုင်ပါတယ်။

၃။ အရေးအကြီးဆုံးက အိမ်ခြံမြေတန်ဖိုးကို တိုးစေပြီးတော့ တစ်နိုင်တစ်ပိုင် အိမ်ဆိုင်စီးပွားရေးလုပ်ငန်းတွေကို မြှင့်တင်ပေးနိုင်ပါတယ်။

လူသွားစင်္ကြတွေက ရပ်ကွက်တစ်ခုရဲ့ လမ်းလျှောက်သွားလာနိုင်စွမ်းကို တိုးတက်စေပါတယ်။ ဒါ့အပြင် လမ်းလျှောက်သွားလာနိုင်စွမ်းက စီးပွားရေးဆိုင်ရာအဆောက်အအုံ၊ လူနေအိမ်ခြေတွေရဲ့ တန်ဖိုးကိုတိုးမြှင့်စေပြီးတော့ လမ်းလျှောက်ပြီး သွားလာရလွယ်ကူတဲ့ စီးပွားရေးလုပ်ငန်းတွေကိုလည်း မြှင့်တင်ပေးပါတယ်။

လူသွားစင်္ကြံတွေ အန္တရာယ်ကင်းအောင် အဆင့်မြင့် လုပ်ဆောင်ပေးခြင်းဟာ လူတွေကို အလွယ်တကူ စိတ်အေးလက်အေး လမ်းလျှောက်စေနိုင်တဲ့ အပြင် သူနဲ့ပတ်သတ်တဲ့ နေရာက အဆောက်အအုံတန်ဖိုးတွေကို မြှင့်တက်စေတဲ့အထိ ကောင်းကျိုးရှိတဲ့ အရာ

 

Health & Wellness Read 57 times