မင်္ဂလာဈေးကို ပြန်လည်ဖွင့်လှစ်ရန် ကြေညာထားသော်လည်း လက်တွေ့တွင် မဖွင့်လှစ်နိုင်သေး

Ads Ads Ads

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်ရှိ မင်္ဂလာဈေးအပါအဝင် ဈေးရုံများကို ဇန်နဝါရီလအတွင်း စည်းကမ်းချက်များနှင့်အညီ ဖွင့်လှစ်မည်ဟု ကြေညာထားသော်လည်း လက်တွေ့တွင် ပြန်လည်ဖွင့်လှစ်ရန် ခက်ခဲနေကြောင်း သိရသည်။ 

ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် (၃)လကြာ ယာယီပိတ်သိမ်းထားရသော မင်္ဂလာဈေး၊ ရွှေပြည့်စုံဈေး၊ ရွှေမင်္ဂလာဈေးနှင့် ယုဇနပလာဇာတို့ကို ပြီးခဲ့သော ဇန်နဝါရီလ (၆) ရက်နေ့က ပြန်လည်ဖွင့်လှစ်မည်ဟု ကြေညာထားသော်လည်း မြို့နယ်စည်ပင်မှ အကြောင်းပြန်ခြင်း မရှိသေးပေ။ 

ဈေးရုံများအနေဖြင့် မြို့နယ်စည်ပင်မှ ခွင့်ပြုမိန့် ကျရောက်မှသာ ရက်ရွေးချယ်၍ ပြန်လည်ဖွင့်လှစ်နိုင်မည်ဟု မင်္ဂလာတောင်ညွှန့်မြို့နယ် မဲဆန္ဒနယ်အမှတ်(၁) တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်ဦးလှဌေးက ပြောကြားခဲ့ကြောင်း သိရသည်။ 

စျေးများအားလုံးကို  ပြန်လည်ဖွင့်လှစ်ရန် မြို့နယ်ကိုဗစ်ကော်မတီ၊ မြို့နယ်စည်ပင်သာယာတို့ကို အဆိုပြုရာတွင် ခွင့်ပြုမိန့် ရခဲ့ပြီး မြို့နယ်စည်ပင်သာယာမှ လမ်းညွှန်ချက်ရရှိပါက ဇန်နဝါရီလ (၁၄) ရက်တွင် ပြန်လည်ဖွင့်လှစ်မည်ဟု ရည်ရွယ်ထားခဲ့ကြောင်း သိရသည်။

စျေးများပြန်လည် ဖွင့်လှစ်ရာတွင်လည်း ဈေးဖွင့်ချိန်ကို နံနက် (၈) နာရီမှ ညနေ (၄) နာရီအထိ သတ်မှတ်ထားပြီး အထပ်တိုင်းရှိ ဆိုင်ခန်းပိုင်ရှင်များနှင့် ပူးပေါင်းကာ ကိုဗစ်ကာကွယ်ရေး အစုအဖွဲ့များ ဖွဲ့စည်းထားကြောင်း သိရသည်။ 

Source from Eleven Media 

Shopping & Promo Yangon Trend Read 497 times