ဆိုင်လက်ရာအတိုင်း စားလို့ကောင်းတဲ့ မာလာရှမ်းကော လုပ်နည်း




ပါဝင်ပစ္စည်းများ

- အသား( ကိုယ်ကြိုက်နှစ်သက်ရာအသား)
- ပင်လယ်စာအသားချောင်း
- ကြက်သွန်ဖြူ ဂျင်း
- ကြွက်နားရွက်မှို
- ပဲလိပ်
- မျော့ချောင်း
- ခေါက်ဆွဲ ( Yum Yum ခေါက်ဆွဲထုပ်လဲ သုံးလို့ရပါတယ်။ )
- ဟင်းသီးဟင်းရွက် (ကိုယ်ကြိုက်နှစ်သက်ရာ)
- မာလာအနှစ်ထုပ်
- ယိုးဒယားပဲငံပြာရည်အကျဲ
- နှမ်းဆီမွှေး

ပြင်ဆင်ပုံ

- ကြက်သွန်ဖြူ ဂျင်း ထောင်း အရည်ညစ်ပြီး ကြက်သားနဲ့နှယ် ကြက်သားမှုန့်နဲ့ ငရုတ်ကောင်းမှုန့်နဲနဲနဲ့ မွှေးအောင်နှမ်းဆီမွှေးလေးနဲနဲပါထည့်နှယ်တယ်။ (မထည့်လဲရပါတယ်။)
- အရင်ဆုံး ခေါက်ဆွဲတို့ မာလာချောင်းတို့ကို ကြွက်နားရွက်မှိုကို အရင်ပြုတ် ခေါက်ဆွဲကိုရေနွေးထဲကဆယ်ပြီးရင် ရေအေးပြန်စိမ်ပေးပါ အေးပြီဆို ရေစစ်ထားပေးပါ။
- ပဲလိပ်က ရေစိမ်ထားရင်လဲရတယ် ပြုတ်ထားလဲရတယ်။
- ဟင်းသီးဟင်းရွက်တွေကို တစ်မျိုးစီ ပြုတ် ဆယ်ပြီး ရိုးရိုးရေထဲပြန်စိမ် အရောင် မပြယ်သွားအောင်
- ကြက်ဥချောင်းနဲ့ ပင်လယ်စာတွေကို ကြော် အရမ်းအကျက်ကြီး မကြော်နဲ့နော်။

ချက်နည်း

- ငရုတ်သီးအကြမ်းဖက်ကိုကြော် ဆယ်ထား ပေးပါ။
- အဲ့ဆီနဲ့ ကြက်သွန်ဖြူနဲ့ ဂျင်းထည့်ဆီသတ်ပေး ပြီးရင် မာလာအနှစ်ထုပ် ၃ပုံတစ်ပုံလောက်ရယ် တရုတ် ငါးမျိုး အမှုန့်နဲနဲရယ် အထုံမှုန့်နဲနဲရယ်ထည့်။
- အသားထည့် ခဏနေရင် ကြော်ထားတဲ့အသားတုတွေထည့် အသားနူးအောင် ရေနွေးနဲနဲထည့်ပြီးခဏထားပေးပါ။
- အသားနူးရင် ပြုတ်ထားတဲ့ ရေစိမ်နဲ့ ပဲလိပ်တွေထည့် အရွက်ထည့် မွှေ။
- ခေါက်ဆွဲထည့်မယ်ဆိုနောက်ဆုံးမှထည့်ပေးပါ ပွသွားမှာစိုးလို့။
- အရည်နဲ့စားမယ်ဆို ရေနွေးထည့်ပြီး ပွတ်လာရင် အပေါ့အငန်မြည်ပြီး မာလာအနှစ်ထပ်ထည့် ယိုးဒယားပဲငံပြာရည်အကျဲထည့် ( အရည်နဲ့မဟုတ်ရင်တော့ ရေနွေးနဲနဲပဲထည့်ပြီး ခဏနေရင် ရပါပြီ )
- နောက်ဆုံး ကြော်ထားတဲ့ ငရုတ်သီးအကြမ်းဖက်မွှေပေးရင် ရပါပြီ။

<< Back
Eat & Drink Read 3499 times

Featured categories

All categories