Photo : Myanmar Tech Press
SAMSUNG Electronic က မြန်မာနိုင်ငံရဲ့ Mobile Pocket ဝန်ဆောင်မှုတစ်ခု ဖြစ်တဲ့ KBZPay နဲ့အတူ ပူးပေါင်းပြီး ဈေးဝယ်သူတို့ ပိုမိုလွယ်ကူ အဆင်ပြေစေမယ့် အစီအစဉ်တစ်ခုကို ပြုလုပ်ခဲ့ပါတယ်။
ဒါကတော့ SAUMSUNG ရဲ့ နောက်ဆုံးပေါ် အမှတ်တံဆိပ် ထုတ်ကုန်တွေကို KBZPay ရဲ့ ဒစ်ဂျစ်တယ် ချေးငွေ ဝန်ဆောင်မှု လုပ်ငန်းတစ်ခုဖြစ်တဲ့ KBZPay Shopper Loan ကနေ ချေးငွေရယူပြီး ဝယ်ယူနိုင်မယ့် အစီအစဉ်ပဲ ဖြစ်ပါတယ်။
ဒီအစီအစဉ်မှာတော့ သုံးစွဲသူတွေဟာ မိမိတို့စိတ်ကြိုက် SAUMSUNG စမတ်ဖုန်းများနဲ့ တီဗွီ၊ ရေခဲသေတ္တာ၊ အဝတ်လျှော်စက် အစရှိတဲ့ SAMSUMG ရဲ့ ထုတ်ကုန်တွေကို ငွေလက်ငင်း (သို့မဟုတ်) ကနဦးငွေ ပေးချေဖို့ မလိုအပ်ဘဲ အတိုးနှုန်း 0% နဲ့ KBZPay Application ကနေ တစ်ဆင့် ဝယ်ယူနိုင်မှာပါ။
ဒါ့အပြင် ဈေးဝယ်ချေးငွေ အသုံးပြုခွင့် ရရှိသူတွေဟာ တစ်ဦးတစ်ယောက်ရဲ့ အာမခံချက် မလိုအပ်ဘဲ ကျပ်သိန်း (၅၀) အထိ ချေးငွေရယူနိုင်ပြီး ဝယ်ယူမယ့် ထုတ်ကုန် အမျိုးအစား အပေါ် မူတည်ပြီးတော့ (၆)လကနေ (၁၂)လ အထိ အတိုးမဲ့ အရစ်ကျစနစ်နဲ့ ဝယ်ယူရရှိနိုင်မှာ ဖြစ်ပါတယ်။
KBZPay ချေးငွေ လျှောက်ထားသူတွေဟာ လစဉ် ဝင်ငွေ အနည်းဆုံး (၁)သိန်းခွဲနဲ့အထက် ရှိရမှာ ဖြစ်ပြီး
စတဲ့ စာရွက်စာတမ်းတွေနဲ့အတူ အွန်လိုင်းကတစ်ဆင့် အလွယ်တကူ လျှောက်ထားနိုင်မှာ ဖြစ်ပါတယ်။
ချေးငွေ အတည်ပြုချက်ကို ဖောင်တင်ပြီး အစိုးရ ရုံးဖွင့်ရက် (၁) ရက် ကြာပြီးတဲ့နောက်မှာ ရရှိနိုင်မှာ ဖြစ်ပြီးတော့ အတည်ပြုချက် ရရှိပြီးတာနဲ့ KBZPay မိုဘိုင်း ပိုက်ဆံအိတ်ကနေ တစ်ဆင့် ဈေးဝယ်ချေးငွေ ဝန်ဆောင်မှုကို စတင် အသုံးပြုသွားနိုင်မှာ ဖြစ်ပါတယ်။
KBZPay Shopper Loan ကို လက်ရှိမှာ
ရန်ကုန်၊
မန္တလေး၊
နေပြည်တော်၊
ပဲခူး၊
ပုသိမ်၊
တောင်ကြီး
စတဲ့ မြို့များက KBZPay အဆင့်(၂) မြှင့်တင်ထားတဲ့ သုံးစွဲသူအားလုံး လျှောက်ထားနိုင်မှာ ဖြစ်ပြီး မကြာမီ အချိန် အတွင်း ကျန်ရှိနေတဲ့ နိုင်ငံတဝန်းက မြို့တွေကိုပါ ရရှိစေဖို့ လုပ်ဆောင်ပေးသွားမယ်လို့ သိရပါတယ်။
သုံးစွဲသူတွေ အနေနဲ့ KBZPay Mobile Application ကို အောက်ဖော်ပြပါ လင့်ခ်တွေကနေ လွယ်ကူစွာ Download ရယူနိုင်မှာ ဖြစ်ပါတယ်။
Android - http://bit.ly/2RP3U0N
IOS - https://apple.co/31igRU9
KBZPay ဈေးဝယ်ချေးငွေနဲ့ ပတ်သက်ပြီး အသေးစိတ် သိရှိလိုပါက KBZPay Call Center - 09 969 963 211 ကို အချိန်မရွေး ဆက်သွယ် မေးမြန်းနိုင်မှာဖြစ်တယ်လို့ သိရပါတယ်။