Yangon Trend

ကာလပေါက်ဈေးကို သိစေနိုင်မယ့် ရွှေတွက်နည်း

Read 2759 times

လတ်တလော ဈေးကွက်အပြောင်းအလဲတွေကြောင့် လူတိုင်းအခက်ခဲတွေကြုံကြရပါတယ်။ အခက်ခဲကြုံရတာချင်း အတူတူ ဗဟုသုတကြွယ်တဲ့သူက ပိုပြီးသက်တောင့်သက်သာရှိမယ်ဆိုတာ အသေချာပါပဲ။

ဒေါ်လာဈေးနဲ့ ရွှေဈေးဂယက်တွေကြောင့် ဘာလုပ်လို့လုပ်ရမှန်းမသိဖြစ်နေပေမယ့် ရွှေဝယ်စုမယ်လို့တွေးနေတဲ့သူတွေအတွက် ဒီနည်းလေးက အသုံးဝင်မယ်လို့ ထင်ပါတယ်။ ရွှေဝယ်တဲ့အခါ ကိုယ်ဝယ်ယူမယ့် ရွှေဟာ ဘယ်လောက်အရှုံးရှိမယ်/ဘယ်နှစ်နှစ်နေမှ အမြတ်ရမယ်ဆိုတဲ့ အခြေခံ တောင်မသိဘဲ ရွှေဝယ်ယူနေသရွေ့ကတော့ အရှုံးနဲ့ဘဲရင်ဆိုင်ရမှာပါ။

ဒါ့ကြောင့် ရွှေဝယ်စုမယ်၊ ရွှေအရောင်းအဝယ်လုပ်မယ်ဆိုရင် ဒီနည်းလေးကိုသိထားတာ သင့်အတွက် ပိုပြီးလွယ်ကူ အဆင်ပြေမှာပါ။ ရွှေတွက်နည်း အခြေခံဖြစ်ပြီး ကိုယ်တိုင် တွက်ချက်နိုင်ပါတယ်။ အတိအကျမဟုတ်တောင် အနီးစပ်ဆုံး စျေးနှုန်းကိုတော့တွက်လို့ရပါမယ်။

ဥပမာ - ရွှေစျေးတစ်ကျပ်သား = ၂၂သိန်း
၁ ကျပ် - ၈ ပဲ - ၄ ရွေး ကို ဘယ်လောက်ပေးရမလဲသိချင်ရင်...
[ (၄÷၈) + (၈÷၁၆) + ၁ ] × ၂၂သိန်း = ရွှေစျေး
[(ရွေး ÷ ၈)+(ပဲ ÷ ၁၆)+ ကျပ်]×ရွှေပေါက်စျေး   ဖြစ်ပါတယ်။

* ၁ိ မှာ ၁၆ ပဲ။ ၁ပဲ မှာ ၈ရွေး ရှိတာကြောင့် အားလုံးကိုကျပ်ဖွဲ့ပြီး တစ်ကျပ်သား ပေါက်စျေးနဲ့ မြှောက်လိုက်တာပါ။

#တစ်ခုချင်းစီတွက်ကြည့်ရအောင်
(၁) ၁ိ အတွက် = ၂၂သိန်း
(၂) ၈ ပဲ အတွက် (၈ ÷ ၁၆) × ၂၂သိန်း = ရွှေစျေး
(၃) ၄ ရွေး အတွက် (၄ ÷ ၈ ÷ ၁၆) × ၂၂သိန်း =ရွှေစျေး
(၁)+(၂)+(၃) = ရွှေစျေး

#၈ ပဲ ၄ ရွေး အတွက်ပဲ သိချင်ရင်
(၄ ÷ ၈) + (၈ ÷ ၁၆) × ၂၂သိန်း = ရွှေစျေး

#ရွှေအရည်အလိုက်ပေါက်စျေးသိချင်ရင်

*၁၆ ပဲ ရွှေရည်စျေး =ကာလပေါက်စျေး 

*၁၅ ပဲ ရွှေရည်စျေး = (၁၅÷၁၆)×ကာလပေါက်စျေး  = ရွှေစျေး 

*၁၄ ပဲ ရွှေရည်စျေး = (၁၄÷၁၆)×ကာလပေါက်စျေး  = ရွှေစျေး

*၁၃ ပဲ ရွှေရည်စျေး = (၁၃÷၁၆)× ကာလပေါက်စျေး  = ရွှေစျေး

*၁၂ ပဲ ရွှေရည်စျေး = (၁၂÷၁၆)× ကာလပေါက်စျေး  = ရွှေစျေး

ဒီတွက်နည်းတွေက သင့်အတွက် တစ်နည်းနည်းနဲ့ အသုံးဝင်မယ်လို့ မျှော်လင့်ပါတယ်။

Credit SuLwin Nyunt

Bookmark