Events

Get Yangon Directory and Win Unique Lucky Draw Prizes

Read 161 times

ရန်ကုန်လမ်းညွှန် ၂၀၂၁ စာအုပ်တစ်အုပ် သင့်လက်ထဲမှာ ရှိတယ်ဆိုရင် သိန်း (၄၀၀) ကျော် တန်ဖိုးရှိတဲ့ ဆုလက်ဆောင်တွေကို ရယူ ပိုင်ဆိုင်နိုင်တယ်ဆိုတာ သင်သိပြီးပြီလား။

3U Campaign: Lucky Draw အစီအစဉ်က ဘယ်လိုမျိုးလဲ…?

ရန်ကုန်လမ်းညွှန် စာအုပ်တိုင်းမှာ ဂဏန်း (၅) လုံးပါ Unique ID နံပါတ်တစ်ခုစီ ပါဝင်ပါတယ်။ ရန်ကုန်လမ်းညွှန်ကနေ အပတ်စဉ် တနင်္ဂနွေနေ့တိုင်းမှာ နောက်ဆုံး (၃) လုံးနဲ့ (၂) လုံး နံပါတ်တွေကို မဲနှိုက် ရွေးချယ်ပေးသွားမှာ ဖြစ်ပြီး အဲဒီနံပါတ်တွေနဲ့ လူကြီးမင်းမှာရှိတဲ့ စာအုပ်ရဲ့ Unique ID No. နောက်ဆုံးဂဏန်း ၃ လုံး (သို့) ၂ လုံး တူညီမယ်ဆိုရင် သိန်း (၄၀၀) ကျော် တန်ဖိုးရှိတဲ့ ဆုလက်ဆောင်များကို ရယူနိုင်မှာ ဖြစ်ပါတယ်။

မဲဖောက်ပေးမယ့် ဆုလက်ဆောင်တွေကတော့...

  • နာမည်ကြီး Brand တစ်ခုဖြစ်တဲ့ Louis Vuitton ရဲ့ ယောက်ျားသုံး ဘေးလွယ်အိတ်
  • ကမ္ဘာကျော် Furniture Brand တစ်ခုဖြစ်တဲ့ Herman Miller ထိုင်ခုံတွေ
  • Visual Reality ကို အပြည့်အဝ ခံစားရစေနိုင်တဲ့ Oculus Quest 2
  • အလိုအလျောက် ဖုန်တွေကို ရှင်းလင်းပေးမယ့် ချစ်စရာ iRobot ဖုန်စုပ်စက်
  • Disney က ထုတ်လုပ်ထားပြီး Star War ထဲမှာ ပါတဲ့ စက်ရုပ်လေး Sphero BB8
  • MMRD Trading က ထုတ်တဲ့ ထိုင်ခုံ၊ စားပွဲနဲ့ ရုံးသုံးပစ္စည်းတွေ
  • မီးဖိုချောင်နဲ့ ရေချိုးခန်းသုံး အသုံးအဆောင်ပစ္စည်းတွေ
  • သာလွန်နူးညံ့တဲ့ အထိအတွေ့နဲ့ အကောင်းဆုံး စိတ်ကျေနပ်မှု အပြည့်အဝပေးနိုင်မယ့် Pillow တွေ
  • လူကြိုက်များပြီး သယ်ဆောင်ရ အဆင်ပြေတဲ့ Memory Foam Travel Pillow တွေနဲ့
  • လူကြီးလူငယ်မရွေး အကြိုက်တွေ့စေမယ့် အရုပ်တွေ စတဲ့ ဆုမဲပေါင်း (၂၀၀) ကျော် ပါဝင်မှာ ဖြစ်ပါတယ်။


ရန်ကုန်လမ်းညွှန်စာအုပ် လိုအပ်သူများနဲ့ မေလ စာအုပ်ဝေစဉ်က မရရှိလိုက်သူများအတွက် နိုဝင်ဘာ (၁၀) ရက်နေ့က စတင်ပြီး ရန်ကုန်ရှိ မြို့နယ်အသီးသီးမှာ အခမဲ့ ဝေပေးနေတာမို့ အမိအရ ရယူထားကြပါဦးနော်။ တကယ်လို့ စာအုပ်ဝေတဲ့ အချိန်က မရလိုက်ဘူး ဆိုရင်လည်း စိတ်မပူပါနဲ့။ ရန်ကုန်လမ်းညွန် ရုံးချုပ်ဖြစ်တဲ့ ရွှေပြည့်စုံစျေး၊ ၈ လွှာမှာ ရုံးချိန်အတွင်း အခမဲ့ လာရောက် ထုတ်ယူနိုင်ပါတယ်။

ဆုတစ်ခုစီချင်း အကြောင်းကို နောက်အပတ်တွေမှာ တင်ပေးသွားမှာ ဖြစ်သလို အပတ်စဉ် တနင်္ဂနွေနေ့တိုင်းမှာလည်း Lucky Draw Unique Numbers မဲနှိုက်ပေးတဲ့ Live လေး တင်ပေးမှာမို့လို့ ဝင်ကြည့်ဖို့ မမေ့နဲ့နော်။ ဆုလက်ဆောင်တွေကို Live လွှင့်ပြီး တစ်ပတ်အတွင်း ( တနင်္လာနေ့မှ သောကြာနေ့အထိ၊ မနက် (၁၀) နာရီမှ ညနေ (၅) နာရီအထိ ) ရန်ကုန်လမ်းညွှန်ရုံးချုပ်မှာ လာရောက် ကံစမ်း ထုတ်ယူနိုင်ပါတယ်ရှင်။

3U Lucky Draw Announcement 

>> https://cutt.ly/kYf12BM

3U Campaign Promo Video 

>> https://cutt.ly/zYf9pFI

1st Week: Winners' Numbers 

>> https://cutt.ly/QYz461p

3 Digits Lucky Draw Prizes

>> https://cutt.ly/dYxgH51

2 Digits Lucky Draw Prizes

>> https://cutt.ly/dYxgH51

Bookmark