စက်သုံးဆီစျေးမြင့်တက်ခြင်းမှာ ဒေါ်လာစျေးနှင့် ရေနံစျေးမြင့်တက်ခြင်းကြောင့်ဖြစ်

Ads Ads Ads

 ပြည်ပမှလောင်စာဆီနှင့် စက်သုံးဆီများ တင်သွင်းနေဆဲဖြစ်ပြီး စျေးနှုန်းမြင့်တက်လာခြင်းမှာ ကမ္ဘာ့ရေနံစျေးနဲ့ ဒေါ်လာစျေးမြင့်တက်ခြင်းကြောင့် ဖြစ်သည်ဟု မြန်မာနိုင်ငံစက်သုံးဆီ လုပ်ငန်းရှင်များအသင်း၏ အတွင်းရေးမှုးကပြောကြားသည်။ ပြည်တွင်းစက်သုံးဆီစျေးနှုန်းသည် ဖေဖော်ဝါရီ(၁)ရက်နေ့မှ စတင်၍ စျေးနှုန်းမြင့်တက်လာခဲ့ရာ ယနေ့အထိ ရက်ပေါင်း(၂၀)အတွင်းတွင် တစ်လီတာလျှင် (၁၂၀၀) ထိမြှင့်တက်လာသည်ကို သိရသည်။ " အဓိက ဆီ​စျေးတက်တာကတော့ နိုင်ငံခြားဆီစျေးတက်လာတယ်။ ဆီတင်သွင်းမှုကတော့ ရှိနေဆဲပါပဲ" ဟု စက်သုံးဆီလုပ်ငန်းရှင်များအသင်း၏ အတွင်းရေးမှူးဖြစ်သူ ဦးဝင်းမြင့်က ပြောသည်။ဖေဖော်ဝါရီ (၁) ရက်မှစ၍ ပြည်တွင်း၌ ဒေါ်လာစျေးသည် တစ်ရာကျော် ခုန်တက်သွားခဲ့ပြီး ရေနံစျေးသည်လည်း တက်လာခြင်းကြောင့် ယခုအခါ စက်သုံးဆီဈေးနှုန်း တတ်လာခြင်းဖြစ်ကြောင်း ၎င်းကဆိုသည်။ ထို့အပြင် ယခင်က နေ့စဉ်အဝင်ရှိတတ်သည့် စက်သုံးဆီသင်္ဘောများသည် စစ်တပ်အာဏာသိမ်းမှု ဖြစ်ပေါ်ပြီးနောက်ပိုင်းရက်များတွင် အဝင်နည်းသွားသည်ကိုတွေ့ရှိရပြီး ဖေဖေါ်ဝါရီ (၁၂) မှ (၁၅) ရက်အတွင်း တစ်စီးမှအဝင်မရှိတော့ပေ။ တစ်ချို့သော စက်သုံးဆီလုပ်ငန်းရှင်များကမူ စစ်တပ်အာဏာသိမ်းမှုကြောင့် ပြည်တွင်းဒေါ်လာဈေး တစ်ရှိန်ထိုးမြင့်တက်နေရာ ဒေါ်လာနှင့်ဝယ်ယူရသည့် စက်သုံးဆီဈေးသည်လည်း မြင့်က်ရခြင်းဖြစ်ကြောင်း ပြောကြသည်။ ထို့အပြင် စက်သုံးဆီဈေး မြင့်တက်မှု၏ နောက်ဆက်တွဲအဖြစ် သယ်ယူပို့ဆောင်ရေးစရိတ်များ မြင့်တက်ကာ ကုန်ဈေးနှုန်းမြင့်တက်မှုများလည်း ဖြစ်ပေါ်လာနိုင်ကြောင်း သိရှိရသည်။
Business Read 67 times