ဒီဇင်ဘာလရဲ့ တရုတ် အာဆီယံ(မြန်မာ) - အပြည်ပြည်ဆိုင်ရာကုန်သွယ်မှု ဒီဂျစ်တယ် ကုန်စည်ပြပွဲကြီး

Ads Ads Ads

မြန်မာနိုင်ငံအနေနဲ့ ကုန်စည်ပြပွဲတွေကို ပြည်ပနိုင်ငံများနှင့် ပူးပေါင်းပြုလုပ်လျက်ရှိရာ ယခုအခါမှာလည်း တရုတ် အာဆီယံ(မြန်မာ) - အပြည်ပြည်ဆိုင်ရာကုန်သွယ်မှုဒီဂျစ်တယ် ကုန်စည်ပြပွဲကြီးကို လာမယ့် ဒီဇင်ဘာလမှာ ကျင်းပပြုလုပ်သွားမှာ ဖြစ်ပါတယ်။

 

တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ အပြည်ပြည်ဆိုင်ရာကုန်သွယ်မှုအသင်းချုပ်မှ ကြီးမှူးကျင်းပတဲ့ တရုတ်ပြည်သူ့ သမ္မတနိုင်ငံနှင့် အာဆီယံနိုင်ငံများအကြား ချစ်ကြည်ရင်းနှီးမှုနှင့် ကုန်သွယ်မှုမြှင့်တင်ရေး တိုးမြှင့်ဆောင်ရွက်နိုင်ရေး၊ လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ဆောင်ရွက်နိုင်ရေး၊ တရုတ်-မြန်မာ နှစ်နိုင်ငံအကြား ဘက်စုံမဟာဗျူဟာမြောက်ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေး၊ ကိုဗစ်ကာလအလွန် စီးပွားရေးဆိုင်ရာကုစားမှု အကျိုးဖြစ်ထွန်းစေရေး၊ တရုတ်-အာဆီယံဒေသအတွင်း ဈေးကွက်ချဲ့ ထွင်မှုအဆင်ပြေစေရေး စသည်တို့ကိုရည်ရွယ်ပြီး ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ (၂) ရက်နေ့ မှ (၁၁) ရက်နေ့အထိ (၁၀) ရက်တိုင်တိုင် တရုတ် အာဆီယံ(မြန်မာ) - အပြည်ပြည်ဆိုင်ရာကုန်သွယ်မှုဒီဂျစ်တယ် ကုန်စည်ပြပွဲကြီးကို Online စနစ်ဖြင့် ကျင်းပပြုလုပ်သွားမှာ ဖြစ်လို့ အချိန်မကုန် လူမပင်ပန်းဘဲ ဝင်ရောက် ဆင်နွှဲနိုင်မှာ ဖြစ်ပါတယ်။

 

၎င်းပြပွဲမှာ ပြသရောင်းချသွားမယ့် ပစ္စည်းတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။

၁။ Consumer Electronic Products - အိမ်သုံးလျှပ်စစ်ပစ္စည်း၊ စမတ်ဖုန်းဆက်စပ်ပစ္စည်းများ။

၂။ မော်တော်ယာဉ်နှင့်ဆက်စပ်ပစ္စည်းများ - မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ်၊ လျှပ်စစ် ဆိုင်ကယ်နှင့် ဆက်စပ်ပစ္စည်းများ၊ တာယာ၊ ကားအတွင်းအလှဆင်ပစ္စည်း၊ ကားအတွင်းခန်းအထောက်အကူ ပြုပစ္စည်းများ။ 

၃။ အိမ်ဆောက်ပစ္စည်းနှင့် အိမ်တွင်းအလှဆင်ပစ္စည်းများ - အိမ်တွင်းအလှဆင်ပစ္စည်း၊ DIY အိမ်တွင်းမှုပစ္စည်း၊ အသေးစားစက်ပစ္စည်း၊ အသေးစားသတ္တုအလှဆင်ပစ္စည်း၊ ရေချိုးခန်းသုံးပစ္စည်း။

၄။ စက်ပစ္စည်းအမျိုးမျိုး - နေ့စဉ်သုံးစက်ပစ္စည်း၊ အစားအသောက်အချောထုတ်ပစ္စည်း၊ အစားအသောက်ထုပ်ပိုးပစ္စည်း၊ ဆောက်လုပ်ရေးသုံးစက်ပစ္စည်း၊ စက်မှုလယ်ယာသုံးစက်ပစ္စည်း၊ စွမ်းအင်သုံးစက်ပစ္စည်း၊ Clean Energy စက်ပစ္စည်းများ။

၅။ နေ့စဉ်သုံးပစ္စည်း - အိမ်သုံးအထည်ချုပ်ပစ္စည်း၊ မီးဖိုချောင်သုံးပစ္စည်း၊ နေ့စဉ်သုံးကြွေထည် ပစ္စည်း၊ နေ့စဉ်သုံးလက်မှုပစ္စည်း၊ ဖက်ရှင်အင်္ကျီ၊ ဖက်ရှင်ဒီဇိုင်းဖော်ပစ္စည်း၊ အထည်လိပ်၊ အသုံးအဆောင် အိတ်အမျိုးမျိုး၊ ဖိနပ်အမျိုးမျိုး။ 

၆။ ကုသရေးသုံးအထောက်အကူပြုပစ္စည်းနှင့် ကာကွယ်ရေးသုံးပစ္စည်း၊ စက်ကိရိယာများ  - ကျန်းမာရေးအထောက်အကူပြုကုသရေးဓာတ်ဆားများ၊ ကာကွယ်ရေးသုံးပစ္စည်းများ၊ နှာခေါင်းစည်း Mask များ၊ PPE ဝတ်စုံများ၊ အသက်ရှုစက် အစရှိသည်တို့ကို ပြသပေးသွားမှာပဲ ဖြစ်ပါတယ်။ 

 

ဒါ့အပြင် ပွဲတော်ရက်အတွင်း ဒီဇင်ဘာလ (၇) ရက် မွန်းလွဲ (၁) နာရီအချိန်မှာ နေ့စဉ်လူသုံးကုန်ပစ္စည်းပြပွဲ၊ မိတ်ဆက်ပွဲနှင့် လုပ်ငန်းရှင်များအကြားတွေ့ဆုံဆွေးနွေးပွဲ၊ ဒီဇင်ဘာလ (၁၁) ရက် မွန်းလွဲ (၁) နာရီအချိန်မှာတော့ အိမ်ဆောက်ပစ္စည်းနှင့်ဆက်စပ်ပစ္စည်းပြပွဲ၊ မိတ်ဆက်ပွဲ နှင့် လုပ်ငန်းရှင်များအကြားတွေ့ ဆုံဆွေးနွေးပွဲတို့ကို Video Conferencing စနစ်နဲ့ စည်ကား သိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမှာ ဖြစ်တာ‌ကြောင့် ဗဟုသုတလည်းရ၊ အမြင်လည်းကျယ်စေပြီး အကျိုးရှိစေမှာ ဖြစ်ပါတယ်။

 

ပါဝင်တက်ရောက်လိုသူများအနေနဲ့ ဒီပွဲကို "အခမဲ့"တက်ရောက်နိုင်မှာဖြစ်ပြီး http://forms.gle/GTcatqsdeREihQnP8 သို့ ဖြစ်စေ၊ [email protected] သို့ဖြစ်စေ၊ 09793117976 သို့ ဖြစ်စေ ဆက်သွယ်၍ အမည်စာရင်းပေးသွင်းနိုင်ပါတယ်။

 

ဒီပွဲကို တက်ရောက်သူတွေအနေနဲ့ အမျိုးအစားစုံလင်လှတဲ့ လူနေမှုဘဝအတွက် အသုံးလိုမယ့် နိုင်ငံတကာက ကုန်ပစ္စည်းအမျိုးမျိုးကို လူငယ်များသာမက လူကြီးများပါ အိမ်မှာနေရင်းနဲ့ပဲ Online system နဲ့ ကြည့်ရှုလေ့လာခွင့်ရမှာဖြစ်လို့ အမြန်ဆုံးစာရင်းပေးသွင်းထားနိုင်ပါပြီ။

By Yangon Directory

Ref:Travel With Me

Event & Entertainment Read 189 times