ရန်ကုန်တိုင်း ဒေသကြီးအတွင်းရှိ ခရိုင်နှင့် မြိုနယ်(၁၀)ခုတွင် ဒီဇင်ဘာလ (၁၄) ရက်နေ့၌ နေ့တစ်ပိုင်းခန့် လျှပ်စစ်ဓာတ်အား ပြတ်တောက်မည် ဖြစ်ကြောင်း ရန်ကုန် လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းမှ ကြေညာချက်အရ သိရသည်။
လျှပ်စစ်ဓာတ်အား ပြတ်တောက်မည့် နေရာများမှာ
စသည့် မြို့နယ်များရှိ ရပ်ကွက်အချို့တွင်း ဓာတ်အားပြတ်တောက်မည် ဖြစ်ပြီး ပြတ်တောက်မည့် အချိန်မှာ နံနက် (၉)နာရီမှ နေ့လည် (၁၂)နာရီအထိ လုပ်ငန်းဆောင်ရွက်ချိန်အတွင်း ဖြစ်သည်ဟု သိရသည်။
ဖော်ပြပါ မြို့နယ်များတွင် 66kV ၊ 33kV ဓါတ်အားခွဲရုံများနှင့် Distribution Transformer များအား ရေရှည် ဓာတ်အားပြည့်ဝစွာ ပေးစွမ်းနိုင်ရေးအတွက် ဟောင်းနွမ်း၍ ဝန်အားမနိုင်သော 11kV ဓာတ်အားလိုင်းကြိုးများကို လျှပ်ကာပါသော ဓာတ်အားလိုင်းကြိုး အသစ်များဖြင့် လဲလှယ်ခြင်း လုပ်ငန်းများ ဆောင်ရွက်မည် ဖြစ်သည်။
ထို့ပြင် ဓာတ်အား ပြတ်တောက်မှု လျော့နည်း ကျဆင်းစေရေးအတွက် သစ်ပင်၊ သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းခြင်း လုပ်ငန်းများပါ တစ်ပါတည်း ဆောင်ရွက်မည် ဖြစ်ကြောင်း ရန်ကုန် လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်း၏ လူမှုကွန်ယက် စာမျက်နှာတွင် ဖော်ပြချက်အရ သိရသည်။
ထို့ကြောင့် အထက်ဖော်ပြပါ မြို့နယ်နှင့် ရပ်ကွက်နေ ပြည်သူများ အနေဖြင့် ယာယီ ဓာတ်အား ပြတ်တောက်ရခြင်းအတွက် လှုမှုရေး အခက်အခဲများ ပေါ်ပေါက်လာနိုင်မှုများအပေါ် နားလည် ခွင့်လွှတ်ပေးကြပါရန် ပန်ကြားထားပါသည်။