ရန်ကုန်တိုင်းအတွင်း ဒီဇင်ဘာလ အစပိုင်းမှ စတင်ကာ လျှပ်စစ်ဓာတ်အားလိုင်း ပြုပြင်ပြောင်းလဲခြင်း လုပ်ငန်းများ အဆက်မပြတ် လုပ်ဆောင်လျက်ရှိပြီး ထိုလုပ်ငန်းစဉ်များကြောင့် ရန်ကုန်တိုင်းရှိ မြို့နယ်အနှံ့အပြားတွင် လျှပ်စစ်မီး ဆက်တိုက်ဆိုသလို ပြတ်တောက်လျက် ရှိသည်။
ရန်ကုန်မြို့၏ လျှပ်စစ်ဓာတ် ဖြန့်ဝေရာ အဓိကစက်ရုံများတွင် ဓာတ်အားများ ရေရှည်တည်ငြိမ်ပြည့်ဝစွာ ပေးစွမ်းနိုင်စေရန် (66kV) , (33kV) ဓါတ်အားခွဲရုံများနှင့် Distribution Transformer များကို ထိန်းသိမ်းပြုပြင်ခြင်း လုပ်ငန်းများ ဆောင်ရွက်နေမှုကြောင့် ဓာတ်အား ပြတ်တောက်ရခြင်း ဖြစ်သည်။
လုပ်ငန်းများ ဆောင်ရွက်ရာတွင် ဟောင်းနွမ်း၍ ဝန်အားမနိုင်သော (11kV) ဓာတ်အားလိုင်းကြိုးများအား လျှပ်ကာပါသော ဓါတ်အားလိုင်းကြိုး အသစ်များဖြင့် လဲလှယ်ခြင်း၊ ဓာတ်အားပြတ်တောက်မှု လျော့နည်း ကျဆင်းစေရေးအတွက် သစ်ပင်သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းခြင်း စသည်တို့ ပြုလုပ်လျက် ရှိသည်။
ပြီးခဲ့သော (၇)ရက်အတွင်း လျှပ်စစ်မီး ပြတ်တောက်ခဲ့သော မြို့နယ်များမှာ …
ဒီဇင်ဘာလ (၁၇)ရက်နေ့တွင် (၁၇)မြို့နယ်
ဒဂုံမြို့သစ်တောင်ပိုင်း၊ သင်္ဃန်းကျွန်း၊ တောင်ဥက္ကလာ၊ သာကေတ၊ ဒေါပုံ၊ မြောက်ဥက္ကလာ၊ ရန်ကင်း၊ ဗိုလ်တထောင်၊ ဒဂုံမြို့သစ် အရှေ့ပိုင်း၊ မရမ်းကုန်း၊ ဗဟန်း၊ လှိုင်၊ အင်းစိန်၊ လှိုင်သာယာ(အရှေ့၊အနောက်)၊ ရွှေပြည်သာ၊ မင်္ဂလာဒုံ၊ ထောက်ကြန့်မြို့နယ်။
ဒီဇင်ဘာလ (၁၆)ရက်နေ့တွင် (၁၀)မြို့နယ်
ကြည်မြင့်တိုင်၊ လမ်းမတော်၊ စမ်းချောင်း၊ အလုံ၊ လှည်းကူး၊ ဖောင်ကြီး၊ ဒါးပိန်၊ အင်းတိုင်၊ မှော်ဘီ၊ တိုက်ကြီးမြို့နယ်။
ဒီဇင်ဘာလ (၁၅)ရက်နေ့တွင် (၂၁)မြို့နယ်
ဒဂုံမြို့သစ်တောင်ပိုင်း၊ သင်္ဃန်းကျွန်း၊ တောင်ဥက္ကလာ၊ သာကေတ၊ ဒေါပုံ၊ မြောက်ဥက္ကလာ၊ ရန်ကင်း၊ ဗိုလ်တထောင်၊ ဒဂုံမြို့သစ် အရှေ့ပိုင်း၊ မရမ်းကုန်း၊ ဗဟန်း၊ လှိုင်၊ ဒဂုံ၊ အင်းစိန်၊ လှိုင်သာယာ(အရှေ့၊အနောက်)၊ ရွှေပြည်သာ၊ မင်္ဂလာဒုံ၊ ထောက်ကြန့်၊ ထန်းတပင်၊ ရွှေလင်ပန်း၊ မြောင်းတကာမြို့နယ်။
ဒီဇင်ဘာလ (၁၄)ရက်နေ့တွင် (၁၀)မြို့နယ်
ကြည့်မြင်တိုင်၊ ကမာရွတ်၊ စမ်းချောင်း၊ အလုံ၊ လှည်းကူး၊ ဖောင်ကြီး၊ မှော်ဘီ၊ တိုက်ကြီး၊ ဥက္ကံ၊ အဖျောက် မြို့နယ်။
ဒီဇင်ဘာလ (၁၁)ရက်နေ့တွင် (၁၀)မြို့နယ်
ကျောက်တံတား၊ လမ်းမတော်၊ လှိုင်သာယာ (အနောက်)၊ ရွှေပြည်သာ၊ လှည်းကူး၊ ဖောင်ကြီး၊ မှော်ဘီ၊ တိုက်ကြီး၊ ဥက္ကံ၊ အဖျောက်မြို့နယ်။
ဒီဇင်ဘာလ (၁၀)ရက်နေ့တွင် (၂၁)မြို့နယ်
ဒဂုံမြို့သစ်တောင်ပိုင်း၊ ဒဂုံမြို့သစ်အရှေ့ပိုင်း၊ သင်္ဃန်းကျွန်း၊ တောင်ဥက္ကလာ၊ သာကေတ၊ ဒေါပုံ၊ မြောက်ဥက္ကလာ၊ ရန်ကင်း၊ ဗိုလ်တစ်ထောင်၊ ကမာရွတ်၊ ကြည့်မြင်တိုင်၊ မရမ်းကုန်း၊ ဗဟန်း၊ လှိုင်၊ အင်းစိန်၊ လှိုင်သာယာ၊ ရွှေပြည်သာ၊ မဂ်လာဒုံ၊ ထောက်ကြန့်၊ တိုက်ကြီး၊ အဖျောက်မြို့နယ်။
ဒီဇင်ဘာလ (၈)ရက်နေ့တွင် (၁၇)မြို့နယ်
ဒဂုံမြို့သစ်တောင်ပိုင်း၊ သင်္ဃန်းကျွန်း၊ တောင်ဥက္ကလာ၊ သာကေတ၊ ဒေါပုံ၊ မြောက်ဥက္ကလာ၊ ရန်ကင်း၊ ဗိုလ်တစ်ထောင်၊ ဒဂုံမြို့သစ်အရှေ့ပိုင်း၊ မရမ်းကုန်း၊ ဗဟန်း၊ လှိုင်၊ အင်းစိန်၊ လှိုင်သာယာ၊ ရွှေပြည်သာ၊ ထန်းတပင်၊ မင်္ဂလာဒုံ၊ ထောက်ကြန့်၊ မြောင်းတကာမြို့နယ်။
ဖော်ပြပါ မြို့နယ်များတွင် နံနက် (၉)နာရီမှ နေ့လည် (၁၂)နာရီအတွင်း လျှပ်စစ်ဓာတ်အား ပုံမှန် ဖြတ်တောက်ခဲ့ခြင်းဖြစ်ပြီး ဓာတ်အားလိုင်း ပြတ်တောက်စဉ်အတွင်း လူမှုရေးကိစ္စများတွင် နှောင့်နှေး ကြန့်ကြာမှုများ မဖြစ်ပေါ်စေရေး ကြိုတင်ပြင်ဆင်ထားကြရန်လည်း YESC မှ ကြိုတင် အသိပေး ကြေညာမှုများ ပြုလုပ်လျက် ရှိပေသည်။