Health

အိုမီခရွန်မျိုးကွဲ ကိုဗစ်ကိုးစက်ခံရသူကို တောင်ကိုရီးယားမှာပထမဆုံးအကြိမ်တွေ့ရှိ

Read 351 times

အာဖရိကနေအသစ်ပေါ်လာတဲ့ အိုမီခရွန်ကိုဗစ်မျိုးကွဲကို နိုင်ငံတွင်းမရောက်ရှိအောင် ပြည်ဝင်ခွင့်ပိတ်ပင်ထားပေမယ့် ယခုလက်ရှိမှာတော့ ကိုဗစ်ပိုးကူးစက်သူတွေကို ပထမဆုံးအကြိမ်တွေ့ရှိထားတယ်လို့ တောင်ကိုရီးယား ကျန်းမာရေးဌာနကသတင်းထုတ်ပြန်ထားပါတယ်။ 

 

ကမ္ဘာတစ်ဝန်း ကိုဗစ်ရောဂါကူးစက်သူများပြားလာချိန် တောင်ကိုရီးယားမှာလည်း တစ်ရက်ကိုရောဂါကူးစက်သူ(၅၀၀၀)ကျော်ထိတိုးလာနေပါတယ်။ ဆေးရုံတွေလက်ခံနိုင်တဲ့ ပမာဏထက်ပိုပြီး ကူးစက်သူတွေများပြားလာတာကြောင့် လွန်ခဲ့တဲ့ရက်တွေကမှာ ဖြေလျော့ထားတဲ့ Social Distancing ကန့်သတ်ချက်တွေကို ပြန်လည်တင်းကြပ်ဖို့ ရှိနေပါတယ်။ 

 

နိုင်ငံအတွင်းမရောက်ရှိအောင် လေကြောင်းလိုင်းတွေကိုတင်းကြပ်ဖို့နဲ့ ကူးစက်သူတွေများပြားလာတာကိုလည်း စိုးရိမ်မိတယ်လို့နိုင်ငံသားတွေကပြောနေကြပါတယ်။

Bookmark