Government News

ကိုဗစ်-၁၉ ကာကွယ်ဆေးများအတွက် အိန္ဒိယက သွင်းကုန်ခွန် ကင်းလွတ်ခွင့်ပြုမည်

Read 398 times

ကိုဗစ်-၁၉ ကာကွယ်ဆေးများအတွက် အိန္ဒိယက သွင်းကုန်ခွန် ကင်းလွတ်ခွင့်ပြုမည် အိန္ဒိယအစိုးရ၏ သွယ်ဝိုက်အခွန်နှင့် ကုန်သွယ်ခွန်များဗဟိုအဖွဲ့ (CBIC) က ကိုဗစ်-၁၉ ကာကွယ်ဆေး တင်သွင်းမှုများအပေါ် အခြေခံကုန်သွယ်ခွန် ကောက်ယူမှုများကို အောက်တိုဘာ (၁) ရက်မှ ဒီဇင်ဘာ (၃၁) ရက်အထိ ကင်းလွတ်ခွင့်ပြုမည်ဟု ကြေညာချက်ထုတ်ပြန်ထားသည်။

"ပြည်သူတို့၏ အကျိုးစီးပွားအတွက် အမှန်တကယ်လိုအပ်မည်ဖြစ်သောကြောင့် ဗဟိုအစိုးရက အိန္ဒိယနိုင်ငံအတွင်းသို့ ဖော်ပြပါ ကုန်ပစ္စည်းများအား တင်သွင်းမှုအပေါ် ပေးဆောင်ရမည့် ကုန်သွယ်ခွန်များအား ကင်းလွတ်ခွင့်ပြုလိုက်သည်” ဟု CBIC ဟု စက်တင်ဘာ (၂၉) ရက် ကြေညာချက်တွင် ဖော်ပြထားသည်။

ကိုဗစ်-၁၉ ကာကွယ်ဆေးဟု CBIC က အမည်ထည့်သွင်းပြောကြားခဲ့သောကြောင့် နိုင်ငံတွင်းသို့ တင်သွင်းမည့် ကာကွယ်ဆေးအားလုံး ကင်းလွတ်ခွင့်ရမည်ဖြစ်သည်။

Bookmark