Government News

ကိုဗစ်လူနာရဲ့ အဆုတ်ကို ပြန်ကောင်းစေမယ့် ဆေးဝါးအဖြစ် စမ်းသပ်နေတဲ့ ဆေးခြောက်ပင်

Read 330 times

ဆေးခြောက်ဆိုတာ လူတွေအတွက် မကောင်းတဲ့အရာလို့ သတ်မှတ်ခံထားရပေမယ့် မမျှော်လင့်ထားတဲ့ အကျိုးကျေးဇူးတွေကလည်း ရှိနေပါသေးတယ်။ ဆေးခြောက်ကို ဆေးဘက်ဆိုင်ရာ သို့မဟုတ် အပန်းဖြေရန်အတွက် အဓိက အသုံးပြုကြသော စိတ်ပိုင်းဆိုင်ရာမူးယစ်ဆေးဝါးဖြစ်ပါတယ်။

บ้านเมือง - มข.ปลูกกัญชงลงแปลง

သုသေတနတွေရဲ့ စမ်းသပ်ချက်အရ ဆေးခြောက်က COVID-19 ကို တိုက်ခိုက်ဖို့အတွက် အလားအလာများစွာကို ဖော်ဆောင်နိုင်ခဲ့ပါတယ်။ မကြာသေးမီက လေ့လာမှုအရ ဆေးခြောက်က Cytokine Storm ကိုလျှော့ချပေးပြီး အဆုတ်တစ်ရှူးများကို ရောင်ရမ်းခြင်းမှကာကွယ်ခြင်းဖြင့် COVID-19 လူနာတွေရဲ့ ရောဂါအခြေအနေကို လျော့ကျစေဖို့ သိသိသာသာကုသပေးခဲ့ပါတယ်။

สภาเกษตรฯ เล็งตั้งองค์กรดันกัญชาเป็นยารักษาโรค หวั่นเฉพาะคนรวย-นายทุน  เข้าถึงกัญชาได้

ဇွန်လ (၂၁) ရက်နေ့က ထိုင်းနိုင်ငံမှာ ဆေးခြောက်ကို ဆေးဝါးအဖြစ် သုတေသနလုပ်နေရာ ဆေးခြောက်ပင်အမြစ်က အဆုတ်ကို ကုသနိုင်တဲ့ အာနိသင်တွေ့ရှိခဲ့တဲ့အတွက် ကိုဗစ်ကြောင့် အဆုတ်ထိခိုက်ခံလူနာတွေကို ဆေးခြောက်ပင်အမြစ်နဲ့ ကုသရင်နိုင်ဖွယ်ရှိတယ်လို့ ပြည်သူ့ကျန်းမာရေးဝန်ကြီး Anutin Charnvirakul က ဆေးသိပ္ပံဌာနရဲ့ ဆေးခြောက်အမျိုးအစား (၄) မျိုး ဆေးခြောက်အဖူးများရိတ်သိမ်းတဲ့ အခမ်းအနားမှာ ပြောကြားခဲ့ပါတယ်။

อนุทิน เผย กรมวิทย์ฯ กำลังศึกษาสารสกัดจากรากกัญชา พบมีผลช่วย

ST1၊ TT1၊ UUA1 နဲ့ RD1 စသဖြင့် မျိုးကွဲတွေရှိပြီး ဆေးသိပ္ပံဦးစီးဌာနလက်အောက်ရှိ ဆေးဘက်ဆိုင်ရာစက်ရုံသုတေသနဌာနကို အစားအစာနှင့်ဆေးဝါးစီမံခန့်ခွဲမှုဌာန (FDA) က ဆေးခြောက်စိုက်ပျိုးရန် အတည်ပြုခဲ့တာ ဖြစ်ပါတယ်။

คนภูมิใจไทย (@khonbhumjaithai) | Twitter

အဆိုပါမျိုးကွဲတွေရဲ့ အကျိုးကျေးဇူးတွေနဲ့ အသုံးပြုပုံတွေကို သုတေသနဌာနတွေဖြစ်တဲ့ Rajamangala နည်းပညာတက္ကသိုလ် Isan Sakonnakhon Campus နဲ့ Kasetsart တက္ကသိုလ် Chalermphrakiat Sakon Nakhon ကျောင်းပရဝုဏ်နဲ့ တွဲဖက်ပြီး သုတေသန လုပ်ဆောင်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

THE STANDARD (@thestandardth) | Twitter

Bookmark