Health

နိုင်ငံတော်က ထိုးပေးမည့် ကိုဗစ်ကာကွယ်ဆေးနှင့် ပတ်သတ်၍ သတိထားစရာအချက်များ

Read 567 times

လူဦးရေ (၇)သိန်းခွဲစာအတွက် ကိုဗစ်ကာကွယ်ဆေး တစ်သန်းခွဲမှာ မကြာမီတွင်  ရောက်ရှိတော့မှာဖြစ်ပါတယ်။ဒါကြောင့်မို့ ဇန်နဝါရီလ(၂၆)ရက်နေ့မှာ နိုင်ငံတော်ရဲ့ ပထမဦးစားပေး အဆင့်ရှိသူတွေကို စတင်ထိုးပေးတော့မှာ ဖြစ်ပါတယ်။ 

ပထမအကြိမ်ထိုးပြီး (၂၈) ရက်အကြာမှာ ဒုတိယအကြိမ်ထပ်မံ ကာကွယ်ဆေးထိုးရမှာ ဖြစ်ပါတယ်။ ကာကွယ်ရေးရဲ့ အကျိုးကျေးဇူးကတော့ မိမိကိုယ်ကို ကာကွယ်ပြီးသား ဖြစ်သလို တကယ်လို့ ရောဂါပိုးကူးစက်လာပါကလည်း သာမန်ဖျားတာ၊နာတာလောက်ပဲ ဖြစ်မှာပါ။ ဒါကြောင့်မို့လို့ မိမိပတ်ဝန်းကျင်က လူတွေကိုလည်း ကာကွယ်ပြီးသား ဖြစ်သွားမှာပါ။

ယခုရရှိမည့် ကာကွယ်ဆေးမှာ အိန္ဒိယနိုင်ငံထုတ် ကာကွယ်ဆေးဖြစ်ပါတယ်။ဆေး၏ အာနိသင်ပြသရန်အတွက် ရက်သတ္တပတ် အနည်းငယ်ကြာမှာဖြစ်ပါတယ်။ဒါကြောင့် ကာကွယ်ဆေးထိုးရန် သွားတာမှာပဲဖြစ်စေ၊ထိုးပြီးပြီးချင်းမှာပဲ ပိုးရှိသူနဲ့ ထိတွေ့မိရင် ပိုးကူးနိုင်ပါတယ်။ဒါကြောင့် ကာကွယ်ဆေးထိုးဖို့သွားရာမှာ သတိထားရမှာဖြစ်ပါတယ်။ 

ကာကွယ်ဆေးတွေကို စနစ်တကျထုတ်လုပ်ထားတာမို့လို့ အန္တရာယ်မရှိနိုင်ပါဘူး။ဒါပေမယ့် လူအနည်းငယ်မှာတော့ ဘေးထွက်ဆိုးကျိုးအနည်းငယ်ရှိနိုင်ပါတယ်။ဒါတွေကတော့ ခေါင်းကိုက်တာ၊ ထိုးတဲ့နေရာမှာ နီရဲပြီးနာလာတာ၊ ချောင်းဆိုးတာ၊ ကိုယ်လက်ကိုက်ခဲခြင်း၊ ပျို့အန်ခြင်းများ ဖြစ်နိုင်ပါတယ်။ဒါကတော့ ကိုယ်ခံအား တည်ဆောက်နေလို့ ခန္တာကိုယ်ကတုံ့ပြန်ခြင်း ဖြစ်ပါတယ်။ ဒီလိုဖြစ်လာရင် ရေများများသောက်ပြီး အနားယူခြင်း ပြုလုပ်ရပါမယ်။ လိုအပ်ရင် အကိုက်အခဲပျောက်ဆေးသောက်နိုင်ပါတယ်။ ဒီလိုဖြစ်တာက တစ်ပတ်လောက်ပဲ ကြာပါမို့လို့ စိုးရိမ်စရာမရှိပါဘူး။

ကာကွယ်ဆေးမထိုးသင့်တဲ့ သူတွေက (၁၈)နှစ်အောက်တွေ၊ကိုယ်ဝန်ဆောင်တွေ ၊နို့တိုက်မိခင်တွေ၊  ဓာတ်မတည့်မှု ဖြစ်တဲ့သူတွေကလည်း မထိုးသင့်ပါဘူး။ဒါ့အပြင် ကိုဗစ်ပိုးရှိတဲ့ သူတွေကလည်း ဒီကာကွယ်ဆေးကို မထိုးသင့်ပါဘူး။

Bookmark