COVID-19 ရဲ့ မျိုးစိတ်တစ်ခုဖြစ်တဲ့ Omicron က အခုဆိုရင် ကမ္ဘာ့နိုင်ငံ အနှံ့အပြားကို တဖြည်းဖြည်း ပျံ့နှံ့နေတာကြောင့် မိမိကိုယ်ကို ကြိုတင်ကာကွယ်ခြင်းဟာ ပိုပြီးကောင်းပါတယ်။
- ဖျားနာခြင်း(ချမ်းတုန်ခြင်း)
- ချောင်းခြောက်ဆိုးခြင်း၊ လည်းချောင်းခြောက်/နာခြင်း
- ခေါင်းကိုက်ခြင်း
- မောပန်းနွမ်းနယ်ခြင်း
- နှာစေး၊နှာပိတ်၊နှာရည်ယိုခြင်း
- ကိုယ်ခန္ဓာကြွက်သားများ ကိုက်ခဲခြင်း တို့ ဖြစ်နေပါက Omicron ဖြစ်နိုင်ဖွယ်ရှိတဲ့ လက္ခဏာတွေပါ။
COVID-19 ဗိုင်းရပ်စ်ဟာ တုပ်ကွေးလက္ခဏာနှင့် ဆင်တူတတ်တာကြောင့် ပေါ့ပေါ့ဆဆ မနေကြဖို့ လိုသလို ဗိုင်းရပ်စ်ကိုရင်ဆိုင်နိုင်ဖို့ အောက်ပါနည်းလမ်းတွေကိုလည်း သေချာလိုက်နာဖို့ မှာချင်ပါတယ်။
- တတ်နိုင်သလောက် အပြင်မထွက်ပါနဲ့
- ချောင်းဆိုး၊ နှာချေရင် လက်နဲ့အုပ်ပါ
- နှာခေါင်းစည်း (Mask) တပ်ပါ
- ကာကွယ်ဆေးထိုးပါ
COVID-19 ကာကွယ်ဆေး ထိုးလို့ရနိုင်မယ့် ဆေးရုံ (၁၀)ခုနဲ့ အချက်အလက်အချို့ကို ဖော်ပြပေးလိုက်ပါတယ်။
၁။ Myat Taw Win Hospital
မလေးရှားနိုင်ငံ Pharmaniaga ကာကွယ်ဆေးစက်ရုံမှ ထုတ်လုပ်တဲ့ FDA အသိအမှတ်ပြု Sinovac ကာကွယ်ဆေးဖြစ်ပါတယ်။
- တစ်ယောက်လျှင် (နှစ်ကြိမ်စာ) - ၉၀,ဝဝဝ ကျပ်
- Booster Dose (တစ်ကြိမ်စာ) - ၄၅,၀၀၀ ကျပ်
- ဖုန်းနံပါတ် - 09969897770, 09969897771
၂။ Ar Yu -International Hospital
တရုတ်နိုင်ငံ၊ ပေကျင်းမြို့ရှိ SINOVAC Biotech ဆေးဝါးကုမ္မဏီမှ ထုတ်လုပ်တဲ့ "Corona Vac" Vaccine ဖြစ်ပါတယ်။
- တစ်ယောက်လျှင် (တစ်ကြိမ်စာ) - ၄၂,၀၀၀ ကျပ်
- ကာကွယ်ဆေး ထိုးနှံနိုင်တဲ့ရက် - ဗုဒ္ဓဟူးနေ့ မှ တနင်္ဂနွေနေ့အထိ နံနက် (၉)နာရီမှ ညနေ (၃)နာရီအတွင်း
- ဖုန်းနံပါတ် - (01) 9376 200၊ (01) 9376 201၊ (01) 9376 202၊ (01) 9376 206၊ (01) 9376 207၊ (01) 9376 208၊ (01) 9376 209
၃။ Victoria Hospital (ဝိတိုရိယ)
ထိုးနှံနိုင်တဲ့ COVID-19 ကာကွယ်ဆေး အမျိုးအစားကတော့ Sinopharm COVID-19 Vaccineနဲ့ Sinovac COVID-19 Vaccine ဖြစ်ပါတယ်။
- Sinopharm COVID-19 Vaccine အတွက် တစ်ယောက်လျှင် ( တစ်ကြိမ်စာ) - ၄၀,ဝဝဝ ကျပ်
- Sinovac COVID-19 Vaccine အတွက် တစ်ယောက်လျှင် ( တစ်ကြိမ်စာ) - ၄၂,၅ဝဝ ကျပ်
- ဖုန်းနံပါတ် - 09750358906 ၊ 09750358901
၄။ Sakura Hospital
မလေးရှားနိုင်ငံထုတ် Sinovac COVID-19 Vaccine (Vero Cell) အမျိုးအစားဖြစ်ပါတယ်။
- တစ်ယောက်လျှင် (နှစ်ကြိမ်စာ) - ၇၉,၀၀၀ ကျပ်
- Booster Dose (တစ်ကြိမ်စာ) - ၄၅,၀၀၀ ကျပ်
- ဖုန်းနံပါတ် - 09 400979813
၅။ Grand Hantha International Hospital
၄ ပတ်ခြား နှစ်ကြိမ်ထိုးနှံရမှာဖြစ်ပြီး အသက် (၁၂) နှစ်အထက်မှ စပြီးထိုးနိုင်တဲ့ Sinovac COVID-19 Vaccine (Vero Call) အမျိုးအစား ဖြစ်ပါတယ်။
- တစ်ယောက်လျှင် (နှစ်ကြိမ်စာ) - ၉၀,၀၀၀ ကျပ်
- တစ်ယောက်လျှင် (တစ်ကြိမ်စာ) - ၄၅,၀၀၀ ကျပ်
- ဖုန်းနံပါတ် - 09-406664001၊ 01-2317617၊ 01-523000၊ 01-523111
၆။ Aung Yadana Hospital (အောင်ရတနာဆေးရုံ)
အောင်ရတနာဆေးရုံမှာ Sinovac Vaccine (Malaysia)၊ Sinovac Vaccine (Beijing)နဲ့ Sinopharm အမျိုးအစားတွေကို ထိုးနှံနိုင်မှာဖြစ်ပါတယ်။
- Sinovac Vaccine (Malaysia) အတ္ပက် တစ်ယောက်လျှင် (နှစ်ကြိမ်စာ) - ၈၀,၀၀၀ ကျပ်
- Sinovac Vaccine (Beijing) အတွက် တစ်ယောက်လျှင် (နှစ်ကြိမ်စာ) - ၈၀,၀၀၀ ကျပ်
- Sinopharm အတွက် တစ်ယောက်လျှင် (နှစ်ကြိမ်စာ) - ၉၀,၀၀၀ ကျပ်
- ဖုန်းနံပါတ် - 09-408097722
၇။ Thukha Gabar Hospital (သုခကမ္ဘာ ဆေးရုံ)
တရုတ်နိုင်ငံ ပေကျင်းက ထုတ်တဲ့ Sinovac နဲ့ မလေးရှားနိုင်ငံထုတ်တဲ့ Sinovac ကာကွယ်ဆေးတွေကို ၄ ပတ်ခြားပြီး ၂ ကြိမ် ထိုးနှံရမှာဖြစ်ပါတယ်။
- တစ်ယောက်လျှင် (နှစ်ကြိမ်စာ) - ၈၅,၀၀၀ ကျပ်
- Booster Dose (တစ်ကြိမ်စာ) - ၄၅,၀၀၀ ကျပ်
- ဖုန်းနံပါတ် - 09-404040850၊ 09-40404086
၈။ Pun Hlaing Hospitals
Beijing institute of Biological Product (BIBP) ထုတ် Sinopharm ဆေးအမျိုးအစား ဖြစ်ပါတယ်။
- တစ်ယောက်လျှင် (နှစ်ကြိမ်စာ) - ၆၂,၀၀၀ ကျပ်
- Booster Dose (တစ်ကြိမ်စာ) - ၃၁,၀၀၀ ကျပ်
- ဖုန်းနံပါတ် - 01 23 99 222
၉။ OSC Hospital
OSC မှာ အသက် (၁၈) နှစ်မှ စတင်ထိုးနိုင်တဲ့ Covexin Vaccine နဲ့ အသက် (၁၂) နှစ်မှ စတင်ထိုးနိုင်တဲ့ Sinovac Vaccine ဆေးအမျိုးအစားတွေ ထိုးနှံနိုင်ပါတယ်။
- Covexin Vaccine အတွက် တစ်ယောက်လျှင် (တစ်ကြိမ်စာ) - ၄၅,၀၀၀ ကျပ်
- Sinovac Vaccine အတွက် တစ်ယောက်လျှင် (တစ်ကြိမ်စာ) - ၄၂,၅၀၀ ကျပ်
- ဖုန်းနံပါတ် - 01- 4706622၊ 09-43208326
၁၀။ Chan Myae Myittar Hospital
ထိုးနှံနိုင်တဲ့ ဆေးအမျိုးအစားတွေကတော့ Sinopharm Vaccine နဲ့ Sinovac Vaccine တို့ဖြစ်ပါတယ်။
- Sinopharm Vaccine အတွက် တစ်ယောက်လျှင် (နှစ်ကြိမ်စာ) - ၉၀,၀၀၀ ကျပ်
- Sinovac Vaccine အတွက် (နှစ်ကြိမ်စာ) - ၈၀,၀၀၀ ကျပ်
- ဖုန်းနံပါတ် - 09-420123047၊ 09-696685770၊ 09-768199677၊ 056-21769, 056-22600၊ 056-21055
COVID-19 ကာကွယ်ဆေးထိုးပြီးနောက်
- လက်မောင်းနာခြင်း၊
- ဖျားခြင်း၊ ကိုယ်ပူခြင်း
- ပင်ပန်းနွမ်းနယ်ခြင်း
- ခေါင်း (သို့) ကြွက်သားများနာကျင်ခြင်း
- ဝမ်းပျက်ခြင်း စတဲ့အပျော့စားလက္ခဏာများကို ခံစားရခြင်းဟာ ပုံမှန်ဖြစ်တာကြောင့် ကြုံတွေ့ရနိုင်သော အပျော့စားလက္ခဏာများဟာ ရက်အနည်းငယ်အတွင်းမှာ အလိုအလျောက် ပျောက်ကွယ်သွားတတ်ပါတယ်။
ဒီလက္ခဏာတွေကို လူတိုင်းမခံစားရနိုင်ပေမယ့် စတင်ခံစားနေရပါက သင့်ခန္ဓာကိုယ်က ကိုဗစ်ရောဂါကို ကာကွယ်မှုစတင်နေပြီလို့ မှတ်ယူနိုင်ပါတယ်။ COVID-19 ရဲ့ ပြင်းထန်တဲ့ ရောဂါလက္ခဏာတွေ ခံစားမှုမှ မိမိကိုယ်ကို ကာကွယ်နိုင်ရန် ကာကွယ်ဆေးထိုးနှံခွင့် ရတာနဲ့ ချက်ချင်းသွားရောက် ထိုးနှံသင့်ပါတယ်။