(၁၇) ကြိမ်မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲတွင် မြန်မာကုမ္ပဏီ(၁၆)ခုမှ မြန်မာ့ထွက်ကုန်များ ပြသ

Ads Ads Ads

တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ ကွမ်ရှီး ပြည်နယ်၊ နန်နင်းမြို့တွင် (၁၇) ကြိမ်မြောက် တရုတ်-အာဆီယံကုန်စည်ပြပွဲ (The 17th China-ASEAN Expo) ကို နိုဝင်ဘာ (၂၇) ရက်မှ (၃၀) ရက်အထိ အွန်လိုင်းဖြင့် ကျင်းပမည်ဖြစ်ကြောင်း ပြန်ကြားရေး ဝန်ကြီးဌာန၏ ကြေညာချက်အရ သိရသည်။

တစ်ဆက်တည်း (၁၇) ကြိမ်မြောက် တရုတ်-အာဆီယံ စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှု ထိပ်သီး အစည်းအဝေး (The 17th China-ASEAN Business and Investment Summit) ကို ကျင်းပမည် ဖြစ်ပြီး အဆိုပါ Online CAEXPO ၌ B2B အစီအစဉ်များတွင် one - on - one match meeting ပွဲနှင့် Business Matching များ၊ On line Business Talks များ ပါဝင်မည် ဖြစ်ကြောင်း သိရသည်။

ယခုနှစ် ကုန်စည်ပြပွဲတွင် COVID-19 ကပ်ရောဂါကြောင့် မြန်မာလုပ်ငန်းရှင် ကုမ္ပဏီများ သွားရောက် မပြသနိုင်သော်လည်း တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၌ ရောက်ရှိနေသော မြန်မာလုပ်ငန်းရှင် ကုမ္ပဏီခွဲ (၁၆)ခုက မြန်မာ့ထွက်ကုန် နမူနာပစ္စည်းများကို ပြသမည် ဖြစ်သည်။

အဆိုပါ ထွက်ကုန်နမူနာ ပစ္စည်းများအား မြန်မာသံရုံး (ပေကျင်း)နှင့် ကောင်စစ်ဝန်ချုပ်ရုံး (နန်နင်း) တို့မှ ပူးပေါင်းပါဝင်ရန် စီစဉ်ထားပြီး ပြခန်းပေါင်း (၂၈)ခန်း ပါဝင် ပြသရန် နန်နင်း ကောင်စစ်ဝန်ချုပ်ရုံးမှ စီစဉ်ထားကြောင်း သိရသည်။

ကောင်စစ်ဝန်ချုပ်ရုံးအနေဖြင့် တရုတ်-အာဆီယံ ကုန်စည်ပြပွဲ၌ (၈၁) စတုရန်းမီတာ အကျယ်အဝန်းရှိ မြန်မာပြခန်းဆောင်၌ မြန်မာနိုင်ငံ အရပ်ရပ်ရှိ ထင်ရှားသော မြို့များ၏ မြန်မာ့ရှုခင်း၊ မြန်မာ့ရိုးရာ ပွဲတော်များ၊ စီးပွားရေးကဏ္ဍများအား ဓာတ်ပုံများဖြင့် ပြသရန် စီစဉ်ထားမည် ဖြစ်ကြောင်း သိရသည်။

မြန်မာလုပ်ငန်းရှင်များ အနေဖြင့် မိမိတို့၏ လုပ်ငန်းများကို မိတ်ဆက် ပြသလိုပါက တရားဝင် တည်ထောင်ထားသော မိမိတို့ လုပ်ငန်းများ၏ လုပ်ငန်း/ ကုန်စည်/ ဝန်ဆောင်မှု/ ခရီးသွား လုပ်ငန်းဆိုင်ရာ ကုန်သွယ်မှုမြှင့်တင်ရေး ဗီဒီယိုဖိုင်များအား ပေးပို့နိုင်ပြီး ဗီဒိယို၏ အခြေခံ လိုအပ်ချက်များမှာ အောက်ပါအတိုင်း ဖြစ်သည်။

ကြာမြင့်ချိန် (၅) မိနစ်မှ (၁၀) မိနစ်အတွင်း ရှိရမည်။
ဖိုင်အမျိုးအစားမှာ MP4 ဖြစ်ရမည်။
နောက်ခံစကားပြော အဖြစ် အင်္ဂလိပ် (သို့မဟုတ်) တရုတ်စကားပြော ဖြစ်ရမည်။
မြန်မာစကားပြော နောက်ခံ ဖြစ်ပါက အင်္ဂလိပ်ဘာသာ (သို့မဟုတ်) တရုတ်ဘာသာဖြင့် subtitle ရေးထိုးရမည်။

အထက်ပါ အချက်များနှင့် ပြည့်စုံသော ဗီဒီယိုဖိုင်များအား နန်နင်းမြို့ရှိ မြန်မာစီးပွားရေး သံမှူးသို့ ၂၀၂၀ပြည့်နှစ်၊ နိုဝင်ဘာလ (၂၀) ရက်နေ့ထက် နောက်မကျစေဘဲ ပေးပို့ပြသနိုင်ကြောင်း သိရသည်။
ပေးပို့ရမည့် အီးမေးလ် လိပ်စာများမှာ ...

[email protected]  
[email protected] gmail.com

Source : moi.gov.com 

Business Read 193 times





10% OFF
Eames Executive

The Eames Executive Chair has a high back and a sophisticated, refined aesthetic that sits well in all kinds of home office.

1150000.00
1035000.00
29 Days left
10% OFF
Embody Chair

Bill Stumpf and Jeff Weber designed the Embody Chair. The result set a new benchmark for ergonomic seating technology.

2983500.00
2685150.00
29 Days left