ငှက်ပျောသီးကိတ်လုပ်နည်းက အမှန်တော့ လွယ်လွယ်လေးပါ ။ပါဝင် ပစ္စည်းတွေကလည်း ရှာရလွယ်တာမို့လို့ အခုလို အိမ်တွင်အောင်းနေရတဲ့အချိန်မှာ အပျင်းလည်းပြေ ဗိုက်လည်းဝစေမှာပါ။
ပါဝင်ပစ္စည်းများ
၁. ငှက်ပျောသီး - ၂၅၀ ဂရမ်
၂. သကြား - ၁၀၀ ဂရမ်
၃. ကြက်ဥ - ၃လုံး
၄. ကိတ်ဂျုံ - ၁၅၀ ဂရမ်
၅. ဘေကင်ပေါင်ဒါ- ၇ ဂရမ်
၆. ဆား - လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ
၇. စပျစ်သီးခြောက်- ၅၀ ဂရမ်
၈. ဆီ - ၁၂၅ ဂရမ်
၉. Baking soda- ၅ ဂရမ်
ပြုလုပ်နည်း
၁ . ငှက်ပျောသီး , သကြား နှင့် ဆား ကို ရောပီး ငှက်ပျောသီး ကြေတဲ့ အထိ မွှေပါ ။
၂ . ငှက်ပျောသီး ကြေလျှင် ကြက်ဥကို ဖြည်းဖြည်းချင်းထည့်မွှေပါ ။
၃. ကိတ်ဂျုံ ၊ ဘေကင် ပေါင်ဒါ နှင့် ဆော်ဒါ ကို ဇကာချပီး ငှက်ပျောသီး မွှေ ထားသောထဲ သို့ ရောထည့်ပါ ၊ စပျစ်ခြောက်ပါ တပါထဲ ရောမွှေပါ ။
၄. ဆီကို ဖြည်းဖြည်းချင်းထည့်ပီး တစ်မိနစ်ခန့်မွှေပါ ။
၅. အသင့်ပြင်ထားသော မိုခွက် ထဲ ထည့်ပီး မီးအပူချိန် 180'C နှင့် ၄၅ မိနစ်ခန့် ဖုတ်ပါ ။ မုန့် ကျက် မကျက်ကို တုတ်နှင့် မုန့်သား အလယ်ကို ထိုးကြည့်ပီး တုတ်ခြောက်နေလျှင် ရပါပီ စိုနေလျှင် အနည်းငယ် ထပ်မံဖုတ်ပါ ။
ဒါဆိုရင် ငှက်ပျောသီးနံ့ သင်းသင်းလေးနဲ့ စားချင်စရာ ငှက်ပျောသီးကိတ်လေး ရလာပါပြီ။