Business

Apple ကုမ္ပဏီရဲ့စျေးကွက်တန်ဖိုး ၃ ထရီလီယံထိတန်ဖိုးရှိလာ

Read 238 times

အမေရိကန်နည်းပညာကုမ္ပဏီ Apple Inc ဟာ ဇန်နဝါရီ ၃ ရက်က ဈေးကွက်တန်ဖိုး ကန်ဒေါ်လာ ၃ ထရီလီယံကို ရောက်ရှိတဲ့ ပထမဆုံး ကုမ္ပဏီ ဖြစ်လာခဲ့ကြောင်း သိရပါတယ်။
Apple ရဲ့ စတော့ရှယ်ယာတန်ဖိုးဟာ ၂.၅%အထိ စံချိန်တင် မြင့်တက်ခဲ့တာကြောင့် ကုမ္ပဏီဈေးကွက်တန်ဖိုးဟာ ကန်ဒေါ်လာ ၃ ထရီလီယံ အမှတ်ကို ခဏမျှ ရောက်ရှိခဲ့တာဖြစ်ပါတယ်။ဒါ့အပြင် Apple ဟာ ၂၀၁၈ သြဂုတ်လတုန်းကလည်း ဈေးကွက်တန်ဖိုး ဒေါ်လာ ၁ ထရီလီယံကျော်တဲ့ ပထမဆုံး အမေရိကန်ကုမ္ပဏီအဖြစ် မှတ်တိုင်ထူနိုင်ခဲ့သေးတာဖြစ်ပါတယ်။ ၂၀၁၈ သြဂုတ်လတုန်းကလည်း ၁ ထရီလီယံတန်တဲ့ ပထမဆုံး အမေရိကန်ကုမ္ပဏီဖြစ်ခဲ့ပြီး နှစ်နှစ်အကြာ ၂၀၂၀ သြဂုတ်မှာလည်း ၂ ထရီလီယံတန် ကုမ္ပဏီဖြစ်ခဲ့ပါသေးတယ်။

ခုလို Apple ကုမ္ပဏီ ဈေးကွက်တန်ဖိုး မြင့်တက်မှုကတော့ စီအီးအို တင်ကွတ် အတွက် နောက်ထပ် အောင်မြင်မှုတစ်ခုလည်းဖြစ်ပါတယ်။ တင်ကွတ်ကတော့ Apple ပူးတွဲတည်ထောင်သူ စတိဗ် ဂျော့စ် ကွယ်လွန်ပြီးနောက် ၂၀၁၁ ခုနှစ်မှာ အဆိုပါ ကူပါတီနို အခြေစိုက် နည်းပညာကုမ္ပဏီကြီးရဲ့ အမှုဆောင်အရာရှိချုပ်ဖြစ်လာခဲ့သူ ဖြစ်ပါတယ်။အမေရိကန် စတော့ ဈေးကွက်တွေရဲ့ အမြင့်ဆုံး အဆင့်မှာ ဆီလီကွန် တောင်ကြား ကုမ္ပဏီတွေကပဲ ကြီးစိုးထားပြီး Apple အပြင် Microsoft ဟာ ဈေးကွက်တန်ဖိုး ဒေါ်လာ ၂ ထရီလီယံကျော် ရှိတဲ့ အခြားသော အမေရိကန် ကုမ္ပဏီတစ်ခုအဖြစ် ရပ်တည်နေပါတယ်။

Bookmark