Business Government News

သွင်းကုန်လိုင်စင် လျှောက်ထားရန် လိုသည့် ကုန်ပစ္စည်းနှင့် ထပ်တိုး ကုန်စည်လိုင်းများ

Read 156 times

၂၀၂၂ ခုနှစ်၊ မတ်လ (၁) ရက်နေ့မှ စတင်၍ 2017 Customs Tariff of Myanmar အရ HS. Code 6 Digit ဖြင့် ကုန်စည် (၄၅၁) လိုင်း သို့မဟုတ် HS. Code 10 Digit ဖြင့် ကုန်စည် (၈၂၆) လိုင်းကို သွင်းကုန်လိုင်စင် လျှောက်ထားရန် လိုသည့် ကုန်စည်လိုင်းများအဖြစ် သတ်မှတ်ကြောင်း စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ကုန်သွယ်ရေး ဦးစီးဌာနမှ ထုတ်ပြန်လိုက်သည်။

အဆိုပါ သွင်းကုန်လိုင်စင်လျှောက်ထားရန် ထုတ်ပြန်ထားသော မည်သည့်ကုန်စည်ကိုမဆို ပြည်ပမှ ပင်လယ်ရေကြောင်း၊ လေကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းများမှ တင်သွင်းရာတွင် ယခုနှစ်၊ မတ်လ (၁) ရက်နေ့မှ စတင်၍ သွင်းကုန်လိုင်စင် လျှောက်ထားပြီးမှသာ တင်သွင်းခွင့်ပြုတော့မည် ဖြစ်သည်။ 

သွင်းကုန်လိုင်စင် လျှောက်ထားရန် လိုအပ်သော ထပ်တိုးသတ်မှတ်သည့် ကုန်စည်များ စာရင်းကို အောက်တွင် ဖော်ပြပေးထားပါသည်။

 

ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် သွင်းကုန်လိုင်စင် လျှောက်ထားရန် လိုအပ်သော ကုန်စည်လိုင်းများနှင့် ထပ်တိုးကုန်စည်လိုင်း စာရင်းး အသေးစိတ်ကို အောက်ပါလင့်ခ်တွင် အသေးစိတ် လေ့လာ ကြည့်ရှုနိုင်ပါသည်။

>>> https://bit.ly/36Etyz9 

Bookmark