(၂၀၁၉-၂၀) ဘဏ္ဍာနှစ်အတွင်း ပြည်ပ ရင်းနှီးမြှုပ်နှံမှုမှ ကန်ဒေါ်လာ(၅.၇) ဘီလီယံ ခန့် ရရှိ

Ads Ads Ads

မြန်မာနိုင်ငံသည် လက်ရှိအချိန်တွင် ကိုဗစ်ကူးစက်မှုများ ဆက်လက်ဖြစ်ပေါ်နေသော်လည်း ပြည်ပမှ တိုက်ရိုက်ရင်းနှီးမြှပ်နှံမှု ပမာဏမှာ ဆက်လက် ရရှိနေသည် ဖြစ်ပြီး ပမာဏအားဖြင့် ကန်ဒေါ်လာ (၅.၇) ဘီလီယံ ခန့်ရှိနေပြီ ဖြစ်သည်။

ထိုသို့ ရင်းနှီးမြှပ်နှံမှု ပမာဏ ဆက်လက်  တိုးမြင့်နေသည် ဖြစ်ကြောင်းကို မြန်မာနိုင်ငံ ကုန်သည်များနှင့်  စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) ၏  (၂၉) ကြိမ်မြောက်၊ နှစ်ပတ်လည် အစည်းအဝေးတွင် နိုင်ငံတော် အတိုင်ပင်ခံ မှ  မိန့်ခွန်းပြောကြားခဲ့ခြင်း ဖြစ်ပေသည်။

ယခု ဘဏ္ဍာရေးနှစ်အတွင်းတွင် မြန်မာ့ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေးစီမံကိန်း (MIPP)မှ မျှော်မှန်းထားသည့် အတိုင်း (၉၈)ရာခိုင်နှုန်း နီးပါး ခန့်သည်  ပြည်ပ တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု ပမာဏသည် ကန်ဒေါ်လာ (၅.၇) ဘီလီယံခန့် ရရှိနေခြင်း ဖြစ်ပေသည်။

ရင်းနှီးမြှပ်နှံမှု အဓိက ပြုလုပ်သည့် နိုင်ငံများသည်  ဂျပန်၊ ထိုင်း၊ တောင်ကိုရီးယားနှင့် စင်ကာပူ နိုင်ငံများ ဖြစ်ပြီး   အမေရိကန် နှင့်  အခြားသော ဥရောပနိုင်ငံများမှ  ရင်းနှီးမြှုပ်နှံမှုများသည်လည်း  ဆက်လက် ရှိနေဆဲ ဖြစ်ပေသည်။ 

ကမ္ဘာ့ဘဏ်မှ ထုတ်ပြန်သည့်  အစီရင်ခံစာ (၂၀၂၀) အရ  မြန်မာနိုင်ငံ၏ “စီးပွားရေး လုပ်ဆောင်ရာတွင် လွယ်ကူချောမွေ့မှု  ဆောင်ရွက်နိုင်မှုအဆင့်” သည် (၂၀၁၉) ခုနှစ်တွင်  အဆင့် (၁၇၁) ရှိခဲ့သော်လည်း  ယခု (၂၀၂၀) ခုနှစ်တွင်  အဆင့် (၁၆၅) အထိ ရောက်ရှိနေပြီ ဖြစ်သည်။

ထိုသို့ အဆင့် (၆) ဆင့် တိုးတက်လာသည်သာမက စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအရှိဆုံး နိုင်ငံ (၂၀) စာရင်းတွင်လည်း မြန်မာနိုင်ငံမှ ပါ၀င်လာသည် ဖြစ်ပေသည်။

ယခင်နှစ်များတွင် စီးပွားရေး ဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံများထဲတွင် အနောက်နိုင်ငံများမှ အများစု ပါဝင်ခဲ့သော်လည်း ယခုနှစ်တွင်မူ အာရှ‌ဒေသအတွင်းရှိ ဖွံ့ဖြိုးဆဲနိုင်ငံများမှ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုများ ရရှိလာသည် ဖြစ်ပြီး မြန်မာနိုင်ငံအနေဖြင့်လည်း စီးပွားရေးအရ တိုးတက်မှုများ ဖြစ်ပေါ်ခဲ့ခြင်း ဖြစ်ပေသည်။

အဝတ်အထည်နှင့် ချည်ထည်ကဲ့သို့ လုပ်သားအခြေပြု ကုန်ထုတ်လုပ်ငန်းများ၊ ပို့ကုန်အခြေပြု  ကုန်ထုတ်လုပ်ငန်းများသည် ပြည်ပမှ ရင်းနှီးမြှပ်နှံမှု အများဆုံး ရရှိခဲ့ခြင်း ဖြစ်ပေသည်။ 

Source- MOI

Business Yangon Trend Read 205 times