မော်တော်ယာဥ် သက်တမ်းတိုး ဝန်ဆောင်မှုလုပ်ငန်းများ ဒီဇင်ဘာ(၁)ရက်နေ့တွင် ပြန်လည်စတင်မည်

Ads Ads Ads

Covid-19 ကာကွယ်၊ထိန်းချုပ်၊ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ၏ ခွင့်ပြုချက်အရ (ထောက်ကြံ့၊ ရွာသာကြီး၊နေပြည်တော်နှင့် မန္တလေး)တို့ရှိ ကနဦးယာဥ် မှတ်ပုံတင်ဌာနတို့တွင် ကနဦးမှတ်ပုံတင် ဝန်ဆောင်မှုလုပ်ငန်းများကို (၂၀၂၀)ခုနှစ်၊ဒီဇင်ဘာ (၁)ရက်နေ့မှ ပြန်လည် စတင် လုပ်ဆောင်ပေးမည် ဖြစ်ကြောင်း ကုန်းလမ်းညွှန်ကြားရေး ဦးစီးဌာနမှ သတင်းထုတ်ပြန်ထားသည်၊၊

မော်တော်ယာဥ်များ ကနဦးမှတ်ပုံတင် ပြုလုပ်ရာတွင် ပေးဆောင်ရမည့် ယာဥ်ထုတ် ရက်လွန်ဒဏ်ကြေးကို ၀န်ဆောင်မှု ရပ်ဆိုင်းထားသည့် (၂၀၂၀) ပြည့်နှစ်၊ စက်တင်ဘာလ(၁၄)ရက်နေ့မှ (၂၀၂၀)ပြည့်နှစ်၊ နို၀င်ဘာလ(၃၀) ရက်နေ့အထိ (၇၈)ရက်ကာလအား ထည့်သွင်းရေတွက်ခြင်း မပြုဘဲ လျှော့ပေါ့ ဆောင်ရွက်ပေးသွားမည် ဖြစ်သည်၊၊

သို့သော် (၂၀၂၁)ခုနှစ်၊ ဖောဖော်၀ါရီ (၂၈)ရက်နေ့နောက်ပိုင်းတွင် လာရောက်ဆောင်ရွက်မည့် ကနဦးမှတ်ပုံတင်  ယာဥ်များသည်  ယာဥ်ထုတ်ရက်လွန် ဒဏ်ကြေးငွေ လျှော့ပေါ့ခွင့်ရမည် မဟုတ်ဘဲ မူလသတ်မှတ်ချက်များအတိုင်း ဒဏ်ကြေးများ ပေးဆောင်ရမည် ဖြစ်သည်၊၊

ထိုသို့မှတ်ပုံတင်ရုံးများ ပြန်လည်ဖွင့်လှစ်ရာတွင် ကျန်းမားရေးနှင့် အားကစား၀န်ကြီးဌာနမှ Covid-19 ရောဂါကာကွယ်ရေးအတွက် ထုတ်ပြန်ထားသည့် လမ်းညွှန်ချက်များနှင့်အညီ ယာဥ်မှတ်ပုံတင်ရန် လာရောက်မည့်သူများမှ လိုက်နာ  ဆောင်ရွက်ကြရမည်ဖြစ်သည်၊၊

ကနဦးမော်တော်ယာဥ် မှတ်ပုံတင်ခြင်းလုပ်ငန်းများ ဆောင်ရွက်လိုသည့် ယာဥ်ပိုင်ရှင်များ အနေဖြင့် www.rtad,com.mm ဝက်ဘ်ဆိုဒ်တွင် Online Booking ကို (၂၀၂၀)ပြည့်နှစ်၊ နို၀င်ဘာလ(၂၈)အ နည်းဆုံး(၁)ရက်မှ အများဆုံး(၃၀)ရက်နေ့အထိ ကြိုတင်ရယူ နိုင်သည် ဖြစ်သည်၊၊

Online Booking ပြုလုပ်ရာတွင် လိုအပ်သည့် အချက်အလက်များကို အောက်ပါလင့်ခ်တွင် ရယူနိုင်ပါသည်၊၊၊>>>https://bit.ly/3o6gDtj

 

Business Yangon Trend Read 306 times