ရန်ကုန်-ပုသိမ် ကွန်ကရစ်လမ်းသစ် ပြီးစီးပါက (၃) နာရီကျော်ဖြင့် သွားလာနိုင်တော့မည်


ရန်ကုန်-ပုသိမ်လမ်းသည် ရန်ကုန်မြို့မှ ပုသိမ်မြို့သို့ ၁၁၃ မိုင် ၂ ဖာလုံ ရှည်လျားပြီး ရန်ကုန်-ပုသိမ်လမ်း မိုင် (၄၁/၃) ဗိုလ်မြတ်ထွန်းတံတားမှတစ်ဆင့် ဓနုဖြူ၊ ဟင်္သာတ၊ ကြံခင်း၊ မြန်အောင် မြို့များ၊ မိုင်(၅၆/ဝ) မှ မြောင်းမြ၊ ဝါးခယ်မမြို့များ မိုင်(၃၃/ဝ) ကဇန်းလမ်းဆုံမှ မအူပင်မြို့များသို့ သွားလာရသော အဓိကလမ်းမကြီးတစ်ခု ဖြစ်သည်။ 

ယခင်မူလလမ်းမှာ အကျယ် ၂၄ ပေနှစ်လမ်းသွား ကတ္တရာလမ်းဖြစ်ပြီး ဧရာဝတီတိုင်းဒေသကြီး အပိုင်းမှာ မိုင် (၁၇/၄) မှ စတင်သည်။

ယခုကာလတွင် ရန်ကုန်မှ ဗိုလ်မြတ်ထွန်းတံတားအထိ တစ်နေ့ပျမ်းမျှယာဉ် (၃၈၀၀) စီး၊ ဗိုလ်မြတ်ထွန်း တံတားမှ ပုသိမ်မြို့သို့ တစ်နေ့ပျမ်းမျှယဉ် (၂၇၀၀) စီး ဖြတ်သန်းသွားလာလျက်ရှိပြီး ရုံးပိတ်ရက်များ၊ ခရီးသွား ကာလတွင် ရန်ကုန်မှ ဗိုလ်မြတ်ထွန်းတံတားအထိ တစ်နေ့ပျမ်းမျှယာဉ် (၆၀၀၀) စီးခန့်၊ ဗိုလ်မြတ်ထွန်းတံတားမှ ပုသိမ်မြို့သို့ တစ်နေ့ပျမ်းမျှယဉ် (၄၀၀၀) စီးခန့် ဖြတ်သန်း သွားလာလျက်ရှိသည်။ 

ရန်ကုန်မှ ဗိုလ်မြတ်ထွန်း တံတားအထိ အပိုင်းသည် ယာဉ်သွားလာမှုများပြားပြီး အရေးကြီးသော လမ်းပိုင်းဖြစ်သည့်အတွက် မူလလမ်းမှာ အကျယ် ၂၄ ပေနှစ်လမ်းသွား ကတ္တရာလမ်းမှ ၃၀ ပေ အကျယ် ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင်ရန် လိုအပ်သဖြင့် ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့မှစ၍ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်၊ ပြည်ထောင်စု ခွင့်ပြုရန်ပုံငွေ ကျပ် သန်း ၂၉၀၀၀ ဖြင့်စတင် ဆောင်ရွက်လျက်ရှိသည်။

ရန်ကုန်-ပုသိမ်လမ်းအား ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင်ရာတွင် မိုင်တိုင်(ဝ/ဝ) မှ (၁၇/၄) ထိ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီနှင့် Oriental Highways Co.,Ltd တို့မှလည်းကောင်း၊ မိုင်တိုင် (၁၇/၄ မှ ၄၁/၄) အထိ လမ်းပိုင်းအား ဧရာဝတီတိုင်းဒေသကြီး လမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးက ဦးဆောင်၍ လမ်းအထူးအဖွဲ့ (၃) ဖွဲ့နှင့် ခရိုင်(၂) ဖွဲ့တို့မှ အင်ဂျင်နီယာစုစုပေါင်း (၄၅) ဦး၊ ကာယလုပ်သား (၄၆၈) ဦး၊ လမ်းဦးစီးဌာနပိုင် စက်၊ ယာဉ်၊ ယန္တရား (၁၅၇) စီးဖြင့် လုပ်ငန်းများအကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိနေသည်။

တိုင်းဒေသကြီး လမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူး (မြို့ပြ) ဦးရန်နိုင်ဇော်က လုပ်ငန်းခွင်တွင် မလွတ်ကင်းသော ဓာတ်တိုင်များ၊ သစ်ပင်များ၊ ကျူးကျော်နေအိမ်များ ဖယ်ရှားသော လုပ်ငန်းများ အဆင်ပြေချောမွေ့စေရန် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့မှကြီးကြပ်၍ မအူပင်ခရိုင် အုပ်ချုပ်ရေးမှူး ဦးဆောင်သော လုပ်ငန်း အထောက်အကူပြုအဖွဲ့ ဖွဲ့စည်း၍ လုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက်ပေးခဲ့ကြောင်း၊ 

မြန်မာနိုင်ငံတွင် ၂၀၂၀ ခုနှစ် မတ်လ ၂၃ ရက်နေ့၌ ကိုဗစ်-၁၉ ရောဂါ ပထမဆုံးလူနာ တွေ့ရှိပြီးနောက်ပိုင်း မြန်မာနိုင်ငံ တစ်ဝှမ်းလုံး ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု ထိန်းချုပ်ရန်အတွက် လူစုလူဝေး ပြုလုပ်ခြင်းအား တားမြစ်ခြင်း ညမထွက်ရ အမိန့်များ ထုတ်ပြန်ခြင်း စသည့်ကန့်သတ်ချက်များ ထုတ်ပြန်ခြင်းနှင့် မဟာသင်္ကြန် ရုံးပိတ်ရက်များကြောင့်၊ လုပ်သားများအကြားတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုအား ကြောက်ရွံ့၍ လုပ်သားများ လုပ်ငန်းခွင်စွန့်ခွာမှု မရှိစေရေးအတွက် စည်းရုံး၍ လုပ်ငန်းအား အရှိန်အဟုန်မပျက် အချိန်မီပြီးစီးအောင် ဆောင်ရွက်ခဲ့ရကြောင်း၊ 

အဆိုပါလမ်းပိုင်းတွင် ယာဉ်မောင်းသူများ သတိပြုမောင်းနှင်ရမည့် နေရာများအနေဖြင့် ကျောင်း (၂၆) ကျောင်း၊ ကွေ့မ (၆၈) ခု၊ T လမ်းဆုံ (၄) ခု၊ Y လမ်းဆုံ (၈) ခုနှင့် S လမ်းဆုံ (၄) ခုရှိကြောင်း၊ ဧရာဝတီတိုင်းလမ်းပိုင်း အောင်မြင်ရေးအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် လမ်းဦးစီးဌာနရုံးချုပ်မှ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ အင်ဂျင်နီယာချုပ်တို့ ဦးဆောင်သောအဖွဲ့က လုပ်ငန်းများ အဆင်ပြေချောမွေ့စေရန် ကြီးကြပ်ဆောင်ရွက်လျက်ရှိကြောင်း၊ 

ယခုအချိန်ထိ လုပ်ငန်းအားလုံး၏ ၉၄% ပြီးစီးနေကြောင်းနှင့် လမ်းအန္တရာယ်ကင်းရှင်းရေး အသိပေးဆိုင်းဘုတ်များ တပ်ဆင်ခြင်း၊ ထိစပ်သော အပိုင်းများက Steel Sheet Pile, PVC Sheet Pile များရိုက်ခြင်း လမ်းတာဘောင်များတွင် မြက်များစိုက်ပျိုး၍ တာဘောင်ထိန်းသိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်းနှင့် 

ရန်ကုန်မြို့မှ ပုသိမ်မြို့သို့ ယခင်ကာလက (၅) နာရီခန့် သွားလာရာမှ ယခုကွန်ကရစ် လမ်းသစ်ပြီးစီးသွားပါက ယာဉ်ပိတ်ဆို့မှု မရှိဘဲ (၃) နာရီကျော်ဖြင့် သွားလာနိုင်တော့မည် ဖြစ်ကြောင်း ပြောသည်။

MOI

==============================

ရန္ကုန္-ပုသိမ္ ကြန္ကရစ္လမ္းသစ္ ၿပီးစီးပါက (၃) နာရီေက်ာ္ျဖင့္ သြားလာႏိုင္ေတာ့မည္

ရန္ကုန္-ပုသိမ္လမ္းသည္ ရန္ကုန္ၿမိဳ႕မွ ပုသိမ္ၿမိဳ႕သို႔ ၁၁၃ မိုင္ ၂ ဖာလုံ ရွည္လ်ားၿပီး ရန္ကုန္-ပုသိမ္လမ္း မိုင္ (၄၁/၃) ဗိုလ္ျမတ္ထြန္းတံတားမွတစ္ဆင့္ ဓႏုျဖဴ၊ ဟသၤာတ၊ ႀကံခင္း၊ ျမန္ေအာင္ ၿမိဳ႕မ်ား၊ မိုင္(၅၆/ဝ) မွ ေျမာင္းျမ၊ ဝါးခယ္မၿမိဳ႕မ်ား မိုင္(၃၃/ဝ) ကဇန္းလမ္းဆုံမွ မအူပင္ၿမိဳ႕မ်ားသို႔ သြားလာရေသာ အဓိကလမ္းမႀကီးတစ္ခု ျဖစ္သည္။ 

ယခင္မူလလမ္းမွာ အက်ယ္ ၂၄ ေပႏွစ္လမ္းသြား ကတၱရာလမ္းျဖစ္ၿပီး ဧရာဝတီတိုင္းေဒသႀကီး အပိုင္းမွာ မိုင္ (၁၇/၄) မွ စတင္သည္။

ယခုကာလတြင္ ရန္ကုန္မွ ဗိုလ္ျမတ္ထြန္းတံတားအထိ တစ္ေန႔ပ်မ္းမွ်ယာဥ္ (၃၈၀၀) စီး၊ ဗိုလ္ျမတ္ထြန္း တံတားမွ ပုသိမ္ၿမိဳ႕သို႔ တစ္ေန႔ပ်မ္းမွ်ယဥ္ (၂၇၀၀) စီး ျဖတ္သန္းသြားလာလ်က္ရွိၿပီး ႐ုံးပိတ္ရက္မ်ား၊ ခရီးသြား ကာလတြင္ ရန္ကုန္မွ ဗိုလ္ျမတ္ထြန္းတံတားအထိ တစ္ေန႔ပ်မ္းမွ်ယာဥ္ (၆၀၀၀) စီးခန႔္၊ ဗိုလ္ျမတ္ထြန္းတံတားမွ ပုသိမ္ၿမိဳ႕သို႔ တစ္ေန႔ပ်မ္းမွ်ယဥ္ (၄၀၀၀) စီးခန႔္ ျဖတ္သန္း သြားလာလ်က္ရွိသည္။ 

ရန္ကုန္မွ ဗိုလ္ျမတ္ထြန္း တံတားအထိ အပိုင္းသည္ ယာဥ္သြားလာမႈမ်ားျပားၿပီး အေရးႀကီးေသာ လမ္းပိုင္းျဖစ္သည့္အတြက္ မူလလမ္းမွာ အက်ယ္ ၂၄ ေပႏွစ္လမ္းသြား ကတၱရာလမ္းမွ ၃၀ ေပ အက်ယ္ ကြန္ကရစ္လမ္းအျဖစ္ အဆင့္ျမႇင့္တင္ရန္ လိုအပ္သျဖင့္ ၂၀၁၉ ခုႏွစ္၊ ေအာက္တိုဘာလ ၁ ရက္ေန႔မွစ၍ ၂၀၁၉-၂၀၂၀ ဘ႑ာေရးႏွစ္၊ ျပည္ေထာင္စု ခြင့္ျပဳရန္ပုံေငြ က်ပ္ သန္း ၂၉၀၀၀ ျဖင့္စတင္ ေဆာင္႐ြက္လ်က္ရွိသည္။

ရန္ကုန္-ပုသိမ္လမ္းအား ကြန္ကရစ္လမ္းအျဖစ္ အဆင့္ျမႇင့္တင္ရာတြင္ မိုင္တိုင္(ဝ/ဝ) မွ (၁၇/၄) ထိ ရန္ကုန္ၿမိဳ႕ေတာ္ စည္ပင္သာယာေရးေကာ္မတီႏွင့္ Oriental Highways Co.,Ltd တို႔မွလည္းေကာင္း၊ မိုင္တိုင္ (၁၇/၄ မွ ၄၁/၄) အထိ လမ္းပိုင္းအား ဧရာဝတီတိုင္းေဒသႀကီး လမ္းဦးစီးဌာန၊ ၫႊန္ၾကားေရးမႉးက ဦးေဆာင္၍ လမ္းအထူးအဖြဲ႕ (၃) ဖြဲ႕ႏွင့္ ခ႐ိုင္(၂) ဖြဲ႕တို႔မွ အင္ဂ်င္နီယာစုစုေပါင္း (၄၅) ဦး၊ ကာယလုပ္သား (၄၆၈) ဦး၊ လမ္းဦးစီးဌာနပိုင္ စက္၊ ယာဥ္၊ ယႏၲရား (၁၅၇) စီးျဖင့္ လုပ္ငန္းမ်ားအေကာင္အထည္ေဖာ္ ေဆာင္႐ြက္လ်က္ ရွိေနသည္။

တိုင္းေဒသႀကီး လမ္းဦးစီးဌာန၊ ၫႊန္ၾကားေရးမႉး (ၿမိဳ႕ျပ) ဦးရန္ႏိုင္ေဇာ္က လုပ္ငန္းခြင္တြင္ မလြတ္ကင္းေသာ ဓာတ္တိုင္မ်ား၊ သစ္ပင္မ်ား၊ က်ဴးေက်ာ္ေနအိမ္မ်ား ဖယ္ရွားေသာ လုပ္ငန္းမ်ား အဆင္ေျပေခ်ာေမြ႕ေစရန္ ဧရာဝတီတိုင္းေဒသႀကီး အစိုးရအဖြဲ႕မွႀကီးၾကပ္၍ မအူပင္ခ႐ိုင္ အုပ္ခ်ဳပ္ေရးမႉး ဦးေဆာင္ေသာ လုပ္ငန္း အေထာက္အကူျပဳအဖြဲ႕ ဖြဲ႕စည္း၍ လုပ္ငန္း အေကာင္အထည္ေဖာ္ ေဆာင္႐ြက္ေပးခဲ့ေၾကာင္း၊ 

ျမန္မာႏိုင္ငံတြင္ ၂၀၂၀ ခုႏွစ္ မတ္လ ၂၃ ရက္ေန႔၌ ကိုဗစ္-၁၉ ေရာဂါ ပထမဆုံးလူနာ ေတြ႕ရွိၿပီးေနာက္ပိုင္း ျမန္မာႏိုင္ငံ တစ္ဝွမ္းလုံး ကိုဗစ္-၁၉ ေရာဂါ ကူးစက္ျပန႔္ပြားမႈ ထိန္းခ်ဳပ္ရန္အတြက္ လူစုလူေဝး ျပဳလုပ္ျခင္းအား တားျမစ္ျခင္း ညမထြက္ရ အမိန႔္မ်ား ထုတ္ျပန္ျခင္း စသည့္ကန႔္သတ္ခ်က္မ်ား ထုတ္ျပန္ျခင္းႏွင့္ မဟာသၾကၤန္ ႐ုံးပိတ္ရက္မ်ားေၾကာင့္၊ လုပ္သားမ်ားအၾကားတြင္ ကိုဗစ္-၁၉ ေရာဂါ ကူးစက္ျပန႔္ပြားမႈအား ေၾကာက္႐ြံ႕၍ လုပ္သားမ်ား လုပ္ငန္းခြင္စြန႔္ခြာမႈ မရွိေစေရးအတြက္ စည္း႐ုံး၍ လုပ္ငန္းအား အရွိန္အဟုန္မပ်က္ အခ်ိန္မီၿပီးစီးေအာင္ ေဆာင္႐ြက္ခဲ့ရေၾကာင္း၊ 

အဆိုပါလမ္းပိုင္းတြင္ ယာဥ္ေမာင္းသူမ်ား သတိျပဳေမာင္းႏွင္ရမည့္ ေနရာမ်ားအေနျဖင့္ ေက်ာင္း (၂၆) ေက်ာင္း၊ ေကြ႕မ (၆၈) ခု၊ T လမ္းဆုံ (၄) ခု၊ Y လမ္းဆုံ (၈) ခုႏွင့္ S လမ္းဆုံ (၄) ခုရွိေၾကာင္း၊ ဧရာဝတီတိုင္းလမ္းပိုင္း ေအာင္ျမင္ေရးအတြက္ တိုင္းေဒသႀကီးအစိုးရအဖြဲ႕ႏွင့္ လမ္းဦးစီးဌာန႐ုံးခ်ဳပ္မွ ဒုတိယၫႊန္ၾကားေရးမႉးခ်ဳပ္၊ အင္ဂ်င္နီယာခ်ဳပ္တို႔ ဦးေဆာင္ေသာအဖြဲ႕က လုပ္ငန္းမ်ား အဆင္ေျပေခ်ာေမြ႕ေစရန္ ႀကီးၾကပ္ေဆာင္႐ြက္လ်က္ရွိေၾကာင္း၊ 

ယခုအခ်ိန္ထိ လုပ္ငန္းအားလုံး၏ ၉၄% ၿပီးစီးေနေၾကာင္းႏွင့္ လမ္းအႏၲရာယ္ကင္းရွင္းေရး အသိေပးဆိုင္းဘုတ္မ်ား တပ္ဆင္ျခင္း၊ ထိစပ္ေသာ အပိုင္းမ်ားက Steel Sheet Pile, PVC Sheet Pile မ်ား႐ိုက္ျခင္း လမ္းတာေဘာင္မ်ားတြင္ ျမက္မ်ားစိုက္ပ်ိဳး၍ တာေဘာင္ထိန္းသိမ္းျခင္းလုပ္ငန္းမ်ား ေဆာင္႐ြက္လ်က္ရွိေၾကာင္းႏွင့္ 

ရန္ကုန္ၿမိဳ႕မွ ပုသိမ္ၿမိဳ႕သို႔ ယခင္ကာလက (၅) နာရီခန႔္ သြားလာရာမွ ယခုကြန္ကရစ္ လမ္းသစ္ၿပီးစီးသြားပါက ယာဥ္ပိတ္ဆို႔မႈ မရွိဘဲ (၃) နာရီေက်ာ္ျဖင့္ သြားလာႏိုင္ေတာ့မည္ ျဖစ္ေၾကာင္း ေျပာသည္။

MOI

<< Back
Travel Yangon Trend Read 423 times

Featured categories

All categories