ရန်ကုန်အပါအဝင် တိုင်းနှင့် ပြည်နယ်အားလုံးတွင် တစ်ကြိမ်၊ နှစ်ကြိမ်ခန့် မိုးထပ်ရွာမည်


စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မကွေးတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်နှင့် ကယားပြည်နယ်တို့တွင် နေရာကျဲကျဲ၊ မန္တလေးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့် ချင်းပြည်နယ်တို့တွင် နေရာစိပ်စိပ်နှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာမည် ဖြစ်ပြီး ရွာရန်ရာနှုန်း (၈၀) ဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနမှ ယနေ့မနက် (၇) နာရီတွင် ထုတ်ပြန်ထားသည်။

နေပြည်တော်နှင့် အနီးတစ်ဝိုက်၊ ရန်ကုန်မြို့နှင့် အနီးတစ်ဝိုက်တွင် မိုးတစ်ကြိမ်၊ နှစ်ကြိမ် ထစ်ချုန်းရွာမည် ဖြစ်ပြီး ရွာရန်ရာနှုန်းပြည့် ဖြစ်ကာ မန္တလေးမြို့နှင့် အနီးတစ်ဝိုက်တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာမည် ဖြစ်ပြီး ရွာရန်ရာနှုန်း (၈၀) ဖြစ်သည်။

ဘင်္ဂလားပင်လယ်အော်အ‌ခြေအနေ။ 
ကပ္ပလီပင်လယ်ပြင်၊ ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းနှင့် အရှေ့အလယ်ပိုင်းတို့တွင် မုတ်သုံလေ အားနည်းနေပြီး၊ ကျန်ဘင်္ဂလားပင်လယ်အော်တွင် တိမ်အနည်းငယ်မှ တိမ်အသင့်အတင့် ဖြစ်ထွန်းနေပါသည်။

မြန်မာ့ပင်လယ်ပြင်။ 
လှိုင်းအနည်းငယ်မှ အသင့်အတင့်ရှိမည်။ လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၄)ပေမှ (၇)ပေခန့်ရှိနိုင်ပါသည်။

နောက် (၂) ရက်အတွက်ခန့်မှန်းချက်။ 
မြန်မာနိုင်ငံအလယ်ပိုင်းဒေသများတွင် ထစ်ချုန်းမည့် အခြေအနေများ ဆက်လက်ဖြစ်ပေါ်နေမည်။

မိုးဇလ

==============================

တိုင္းႏွင့္ ျပည္နယ္အားလုံးတြင္ တစ္ႀကိမ္၊ ႏွစ္ႀကိမ္ခန႔္ မိုးထပ္႐ြာမည္

စစ္ကိုင္းတိုင္းေဒသႀကီးေအာက္ပိုင္း၊ မေကြးတိုင္းေဒသႀကီး၊ ရခိုင္ျပည္နယ္ႏွင့္ ကယားျပည္နယ္တို႔တြင္ ေနရာက်ဲက်ဲ၊ မႏၲေလးတိုင္းေဒသႀကီး၊ ဧရာဝတီတိုင္းေဒသႀကီးႏွင့္ ခ်င္းျပည္နယ္တို႔တြင္ ေနရာစိပ္စိပ္ႏွင့္ က်န္တိုင္းေဒသႀကီးႏွင့္ ျပည္နယ္တို႔တြင္ ေနရာအႏွံ႔အျပား မိုးထစ္ခ်ဳန္း႐ြာမည္ ျဖစ္ၿပီး ႐ြာရန္ရာႏႈန္း (၈၀) ျဖစ္ေၾကာင္း မိုးေလဝသႏွင့္ ဇလေဗဒ ၫႊန္ၾကားမႈ ဦးစီးဌာနမွ ယေန႔မနက္ (၇) နာရီတြင္ ထုတ္ျပန္ထားသည္။

ေနျပည္ေတာ္ႏွင့္ အနီးတစ္ဝိုက္၊ ရန္ကုန္ၿမိဳ႕ႏွင့္ အနီးတစ္ဝိုက္တြင္ မိုးတစ္ႀကိမ္၊ ႏွစ္ႀကိမ္ ထစ္ခ်ဳန္း႐ြာမည္ ျဖစ္ၿပီး ႐ြာရန္ရာႏႈန္းျပည့္ ျဖစ္ကာ မႏၲေလးၿမိဳ႕ႏွင့္ အနီးတစ္ဝိုက္တြင္ ေနရာကြက္က်ား မိုးထစ္ခ်ဳန္း႐ြာမည္ ျဖစ္ၿပီး ႐ြာရန္ရာႏႈန္း (၈၀) ျဖစ္သည္။

ဘဂၤလားပင္လယ္ေအာ္အ‌ေျခအေန။ 
ကပၸလီပင္လယ္ျပင္၊ ဘဂၤလားပင္လယ္ေအာ္ေတာင္ပိုင္းႏွင့္ အေရွ႕အလယ္ပိုင္းတို႔တြင္ မုတ္သုံေလ အားနည္းေနၿပီး၊ က်န္ဘဂၤလားပင္လယ္ေအာ္တြင္ တိမ္အနည္းငယ္မွ တိမ္အသင့္အတင့္ ျဖစ္ထြန္းေနပါသည္။

ျမန္မာ့ပင္လယ္ျပင္။ 
လႈိင္းအနည္းငယ္မွ အသင့္အတင့္ရွိမည္။ လႈိင္းအျမင့္မွာ ျမန္မာ့ကမ္း႐ိုးတန္းတစ္ေလွ်ာက္ႏွင့္ ကမ္းလြန္ပင္လယ္ျပင္တို႔တြင္ (၄)ေပမွ (၇)ေပခန္႔ရွိႏိုင္ပါသည္။

ေနာက္ (၂) ရက္အတြက္ခန္႔မွန္းခ်က္။ 
ျမန္မာႏိုင္ငံအလယ္ပိုင္းေဒသမ်ားတြင္ ထစ္ခ်ဳန္းမည့္ အေျခအေနမ်ား ဆက္လက္ျဖစ္ေပၚေနမည္။

မိုးဇလ

 

<< Back
Life Style Read 300 times

Featured categories

All categories