ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အချို့တွင် ဓာတ်အားလိုင်းကြိုးအသစ်များ လဲလှယ်ခြင်းနှင့် သစ်ပင်၊ သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းခြင်းလုပ်ငန်းများ လုပ်ဆောင်မည် ဖြစ်သောကြောင့် ဧပြီလ (၂)ရက်နေ့တွင် ယာယီဓာတ်အား ပြတ်တောက်မည်ဖြစ်ကြောင်း YESC မှ အသိပေး ထုတ်ပြန်ထားပါသည်။
ရန်ကုန်တိုင်းအတွင်းရှိ ခရိုင်နှင့်မြို့နယ်များတွင် (၆၆) ကေဗွီ၊ (၃၃) ကေဗွီ ဓာတ်အားခွဲရုံများ၊ Distribution Transformer များ ထိန်းသိမ်းပြုပြင်ခြင်းလုပ်ငန်းများ၊ ရေရှည်ဓာတ်အား တည်ငြိမ်ပြည့်ဝစွာပေးနိုင်ရေးအတွက် ဟောင်းနွမ်း၍ ဝန်အားမနိုင်တော့သော (၁၁)ကေဗွီ ဓာတ်အား လိုင်းကြိုးများကို လျှပ်ကာပါသော ဓာတ်အားလိုင်းကြိုးအသစ်များဖြင့် လဲလှယ်ခြင်း လုပ်ငန်းများ လုပ်ဆောင်မည်ဖြစ်သည်။
၎င်းအပြင် ဓာတ်အားပြတ်တောက်မှု လျော့နည်းကျဆင်းစေရေးအတွက် သစ်ပင်၊ သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းခြင်းလုပ်ငန်းများကို ဧပြီလ (၂)ရက်နေ့တွင် နံနက် ၉ နာရီမှ ၁၂နာရီအထိ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ယင်းထုတ်ပြန်ချက်တွင် ပါရှိသည်။
ယင်းလုပ်ငန်းဆောင်ရွက်စဉ် အချိန်အတွင်း
၁။ အင်းစိန်၊
၂။ လှိုင်သာယာ၊
၃။ ရွှေပြည်သာ၊
၄။ မြောင်းတကာ၊
၅။ ထောက်ကြန့်၊
၆။ လှည်းကူး၊
၇။ ဒါးပိန်၊
၈။ အင်းတိုင်၊
၉။ ဖောင်ကြီး၊
၁၀။ တိုက်ကြီး၊
၁၁။ မင်္ဂလာဒုံ၊
၁၂။ အလုံ၊
၁၃။ ကျောက်တံတား၊
၁၄။ ရန်ကင်း၊
၁၅။ စမ်းချောင်း၊
၁၆။ မြောက်ဥက္ကလာပ၊
၁၇။ ဒဂုံမြို့သစ် (မြောက်ပိုင်း)၊
၁၈။ သင်္ဃန်းကျွန်း၊
၁၉။ ဒဂုံမြို့သစ် (တောင်ပိုင်း)၊
၂၀။ ဒဂုံမြို့သစ်ဆိပ်ကမ်း၊
၂၁။ ဒလ၊
၂၂။ ဒေါပုံ
၂၃။ ဗိုလ်တစ်ထောင်၊
၂၄။ တောင်ဥက္ကလာပ၊
၂၅။ တာမွေ၊
၂၆။ လမ်းမတော်၊
၂၇။ ကမာရွတ် ၊
၂၈။ ဥက္ကံ၊
၂၉။ အဖျောက်၊
၃၀။ ကျောက်တန်း၊
၃၁။ တံတား၊
၃၂။ သုံးခွ၊
၃၃။ ကော့မှူး၊
၃၄။ ခရမ်း၊
၃၅။ ဆိပ်ကြီးခနောင်တို၊
၃၆။ သန်လျင် မြို့နယ်များရှိ ရပ်ကွက်အချို့တို့တွင် အဆိုပါရက်များ၌ အချိန်ပိုင်း ဓာတ်အားပြတ်တောက်မှု အနည်းငယ်ရှိနိုင်ကြောင်း YESC က ထုတ်ပြန်ထားသည်။
ထိုသို့ လုပ်ငန်းဆောင်ရွက်ရခြင်းသည် ဓာတ်အားပြတ်တောက်မှု လျော့နည်းစေရန်အတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ရခြင်း ဖြစ်ပါသဖြင့် ဓာတ်အားပြတ်တောက်ရခြင်းအတွက် လူမှုရေးအခက်အခဲများ ပေါ်ပေါက်လာနိုင်မှုများအပေါ် နားလည်ပေးပါရန်လည်း ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းမှ ပြောကြားထားပါသည်။
May Thu Thu ( Yangon Directory )
Source ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း