ရန်ကုန်၌ ဒီဇင်ဘာလအတွင်း YBS စီးနင်းသူ မြင့်တက်လာ၍ ယာဉ်စီးရေ တိုးချဲ့ပြေးဆွဲ

Ads Ads Ads

ယခု ဒီဇင်ဘာလအတွင်းတွင် ယခင်လများထက် YBS စီးနင်းသူများ ပြန်လည်မြင့်တက်လာသည့်အတွက် ယာဥ်အစီးရေများ ထပ်မံတိုးချဲ့ ပြေးဆွဲနေသည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင် ကြီးကြပ်ကွပ်ကဲရေးမှု အာဏာပိုင်အဖွဲ့ (YRTA) မှ သတင်း ထုတ်ပြန်ထားသည်။

နိုဝင်ဘာလအတွင်းတွင် YBS စီးနင်းသူ ဦးရေသည် တစ်နေ့လျှင် (၃)သိန်းကျော် ၀န်းကျင် ရှိသည့်အတွက် ယာဥ်အစီးရေ (၂,၀၀၀) ခန့် ပြေးဆွဲပေးလျက် ရှိပြီး ဒီဇင်ဘာလအတွင်းတွင် YBS စီးနင်းသူ ဦးရေသည် တစ်နေ့လျှင် (၅)သိန်းကျော်အထိ တိုးမြင့်လာကြောင်းတွေ့ရသည်။

ထို့သို့ ယာဥ်စီးနင်းသူဦးရေသည် နိုဝင်ဘာလ၌ စီးနင်းသော  ဦးရေထက်  ထပ်မံတိုးမြင့်လာသည့်အတွက် ယာဥ်အစီးရေ (၃,၀၀၀) ကျော်အား တိုးချဲ့ပြေးဆွဲပေးလျက် ရှိပေသည်။

ကိုဗစ်ရောဂါ မဖြစ်ပွားခင်အချိန်တွင် YBS စီးနင်းသူ ဦးရေမှာ တစ်နေ့လျှင် (၁၈)သိန်း နှင့် (၁၉)သိန်း ပတ်ဝန်းကျင်ခန့် ရှိခဲ့လေသည်။ကိုဗစ် ဖြစ်ပွားနေချိန်တွင် စီးနင်းသူ ဦးရေများ တဖြည်းဖြည်းလျော့ပါးလာကာ ယခု ဒီဇင်ဘာလတွင် ယာဥ်စီးသူဦးရေများ ထပ်မံတိုးပွားလာခြင်း ဖြစ်ပေသည်။

အချို့လုပ်ငန်းများသည်  ပြန်လည်ဖွင့်လာသည့်အတွက် ရုံးတက်ရုံးဆင်း အချိန်များတွင် ခရီးသည်စီးနင်းမှုများပြားခြင်းသာ ဖြစ်ပြီး နေ့လည်အချိန်တွင်မှု စီးနင်းမှုများ လျော့နည်းလျက် ရှိကြောင်း သိရသည်။ 

(YRTA) အနေဖြင့် ကျန်းမာရေး ၀န်ကြီးဌာနမှ လမ်းညွှန်ထားသည့် အချက်အလက်များကို ဆောင်ရွက်ထားလျက်ရှိပြီး YBS ယာဥ်များကို ပြေးဆွဲလျက် ရှိပြီး ပညာပေးအစီအစဥ်များကိုလည်း လုပ်ဆောင်လျက်ရှိပေသည်။

Ref:MRTV

Photo crd

 

Yangon Trend Read 205 times