Education

ဆယ်တန်းအောင်ပြီးသူတိုင်း ရွေးချယ်နိုင်မယ့် ရန်ကုန်မှာရှိတဲ့ လူသိများတဲ့ Private University (၅) ခု

Read 702 times

BY WMMH (Mizzy)

တက္ကသိုလ်၀င်စာမေးပွဲ အောင်မြင်ထားတဲ့ လူငယ်တွေအနေနဲ့ အခုလိုအချိန်မှာ ကိုယ်စိတ်၀င်စားတဲ့ ဘာသာရပ်နဲ့ တက္ကသိုလ်တွေကို တက်ရောက်ဖို့ စဉ်းစားနေကြပြီလို့ ထင်ပါတယ်။ ကိုယ်စိတ်ဝင်စားတဲ့ ဘာသာရပ်ကို သေချာရွေးချယ် တတ်ရောက်နိုင်ဖို့အတွက် ဒီကနေ့မှာတော့ ရန်ကုန်မြို့မှာရှိတဲ့ ပုဂ္ဂလိကကျောင်း များစွာထဲကမှ လူငယ်တော်တော်များများနဲ့ ကိုက်ညီတဲ့ ပုဂ္ဂလိကကျောင်း (၅) ကျောင်းကို ဖော်ပြပေးလိုက်ပါတယ်။

Myanmar Imperial University (MIU)

MIU ဟာ ဗြိတိန်နိုင်ငံမှာရှိတဲ့ University of Northampton (UK) နဲ့ တိုက်ရိုက်ပူးပေါင်းပြီး Bachelor ၊ Master နဲ့ Doctorate Programme စတဲ့ ပရိုဂရမ်တွေကို သင်ကြားပို့ချပေးနေတဲ့ ကျောင်းတစ်ခု ဖြစ်ပါတယ်။

Management နဲ့ Business အပိုင်းတွေကို စိတ်ဝင်စားသူတွေဖြစ်ဖြစ်၊ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်း လုပ်ဖို့ ရ့ည်သန်နေတဲ့ သူတွေဖြစ်ဖြစ် တက်ရောက်သင့်တဲ့ Private University တစ်ခုပါ။
အခုဆိုရင် MIU က ၂၀၁၉ - ၂၀၂၀ ပညာသင်နှစ်မှာ တက္ကသိုလ်ဝင်တန်းကို ထူးချွန်စွာ အောင်မြင်ပြီးသူ  လူငယ်များအားလုံးအတွက် MIU Founders’ Scholarship အစီအစဉ်များလည်း ရှိနေပါတယ်။

သင်ယူနိုင်မယ့် သင်တန်းတွေအကြောင်း အသေးစိတ်ကို ဆက်သွယ်စုံစမ်း မေးမြန်းချင်ရင်တော့ …

လိပ်စာ - အမှတ် (၁)၊ စျေးမြောက်လမ်း၊ ဒဂုံမြို့နယ်၊ ဘုရားကြီးရပ်ကွက်၊ (ဦးဝိစာရအဝိုင်းအနီး)၊ ရန်ကုန်မြို့။
ဖုန်း - ၀၁ ၃၈၀ ၂၃၃ - ၃၄၊ ၀၉ ၇၃၂ ၁၀၀ ၀၂၊ ၀၉ ၄၂၁ ၁၀၀ ၂၂၂
    
Victoria University College

ဒီကျောင်းကတော့ (၁၀) တန်းဖြေပြီးတဲ့ ကျောင်းသားကျောင်းသူတိုင်းအတွက် မိမိ စိတ်ဝင်စားရာ ဘာသာရပ်ကို ရွေးချယ်တက်ရောက်နိုင်ဖို့ အင်္ဂလန်အစိုးရပိုင် တက္ကသိုလ်ကနေ တိုက်ရိုက် ချီးမြှင့်တဲ့ Bachelor အဆင့် (Level 6) ဘွဲ့ ကို ၃နှစ်အတွင်း ရရှိနိုင်မယ့် Foundation တန်းခွဲသစ်များကို ဖွင့်လှစ်ပေးထားလျက် ရှိပါတယ်။ ရရှိနိုင်မယ့် ဘွဲ့များကတော့ …
BA (Hons) Business Management
BE (Hons) Civil Engineering
B.Sc (Hons) Computing & IT
BE (Hons) Mechatronics

စတာတွေအပြင် Master တက်ရောက်လိုသူများအတွက်ပါ ဘွဲ့လွန်သင်တန်းများ ဖွင့်လှစ်ပေးထားတာ ဖြစ်ပါတယ်။

သင်တန်းတွေအကြောင်း အသေးစိတ်ကို ဆက်သွယ်စုံစမ်း မေးမြန်းချင်ရင်တော့ …

လိပ်စာ - အမှတ် (၄)၊ ဦးထွန်းမြတ်လမ်း၊ တာမွေမြို့နယ်၊ ရန်ကုန်မြို့။
ဖုန်း - ၀၁ ၅၄၁ ၅၅၀၊ ၀၉ ၉၅၄ ၃၈၃ ၁၃၃ ၊ ၀၉ ၅၁၀ ၄၇၄၈

Gusto University

ဒီကျောင်းကတော့ ICT နည်းပညာနဲ့ Programming တွေကို စိတ်ဝင်စားတဲ့ လူငယ်တိုင်း ရွေးချယ်သင့်တဲ့ ကျောင်းတွေထဲက တစ်ခုဖြစ်ပါတယ်။ Gusto မှာတော့ ကမ္ဘာ့ ထိပ်တန်းတက္ကသိုလ်ကြီးများ ဖြစ်တဲ့ University of Sunderland ( UK ), University of Gloucestershire ( UK ) တို့က ပေးအပ်မယ့် Engineering , Computing , Business ဘွဲ့တန်းများကို ပထမနှစ်၊ ဒုတိယနှစ်၊ နောက်ဆုံးနှစ် စသဖြင့် ဘွဲ့ရတဲ့အထိ တက်ရောက်နိုင်မှာ ဖြစ်ပါတယ်။

သင်ကြားပေးမှာတွေကတော့ ICT ဆိုင်ရာ Fundamental တွေဖြစ်တဲ့ Computer System & Networking, Programming, Office Applications စတာတွေအပြင် Business ဆိုင်ရာ Fundamental concept များနဲ့ မှန်ကန်တဲ့ ဆုံးဖြတ်ချက်၊ စဉ်းစားတွေးခေါ်နိုင်မှု စွမ်းရည်ကို ရရှိစေဖို့အတွက် Critical Thinking, Personal Development, Communication skills, Academic Soft Skills စတာတွေကိုပါ လေ့ကျင့်သင်ကြားပေးမယ်လို့ သိရပါတယ်။

သင်တန်းတွေအကြောင်း အသေးစိတ်ကို ဆက်သွယ်စုံစမ်း မေးမြန်းချင်ရင်တော့ …

လိပ်စာ - အမှတ် (၂၈၇/၂၈၉)၊ ဦးဝိစာရလမ်း၊၊ စမ်းချောင်းမြို့နယ်၊ ရန်ကုန်မြို့။
ဖုန်း - ၀၉ ၇၈၉ ၈၈၈ ၂၂၂၊ ၀၉ ၄၂၉ ၉၉၁ ၀၀၉

Strategy First University

ဆယ်တန်း (သို့မဟုတ်) IGCSE အောင်မြင်ပြီးတဲ့ ကျောင်းသူ၊ ကျောင်းသားများအတွက် နိုင်ငံခြားတက္ကသိုလ်တွေမှာ နောက်ဆုံးနှစ် သွားတက်ပြီး ဘွဲ့ယူချင်ရင်ဖြစ်ဖြစ်၊ မြန်မာနိုင်ငံမှာပဲ အစအဆုံးတက်ပြီး UK မှဘွဲ့ကို စရိတ်သက်သာစွာ ရယူချင်ရင်ပဲဖြစ်ဖြစ် ရွေးချယ်တက်ရောက်နိုင်ဖို့ စီစဉ်ပေးထားတာ ဖြစ်ပါတယ်။

တက်ရောက်နိုင်မယ့် Course တွေကတော့ Business Management, ,Business IT နဲ့ Civil Engineering စတဲ့ Undergraduate Programmes သုံးခုကို ရွေးချယ်တက်ရောက်နိုင်မယ့်အပြင် ထူးချွန်ကျောင်းသား၊ ကျောင်းသူများအတွက် Scholarship အစီအစဉ်များလည်း ရှိတယ်လို့ သိရပါတယ်။

သင်တန်းတွေအကြောင်း အသေးစိတ်ကို ဆက်သွယ်စုံစမ်း မေးမြန်းချင်ရင်တော့ …

လိပ်စာ - အမှတ် (၈)၊ မြေညီထပ်၊၊ ပန်းခြံတာဝါ၊ ဓမ္မစေတီလမ်း နှင့် ဗားဂရာလမ်းထောင့်၊မြေနီကုန်း၊ စမ်းချောင်းမြို့နယ်၊ ရန်ကုန်မြို့။
ဖုန်း - ၀၉ ၇၆၅ ၄၃၈ ၀၀၀၊ ၀၉ ၄၅၀ ၁၇၇ ၇၇၁

Chindwin International TU Collage

ဒီကျောင်းကတော့ UK နိုင်ငံရဲ့ ပညာရေးအဖွဲ့အစည်းကြီးဖြစ်တဲ့ Pearson ကနေ တိုက်ရိုက်ပေးအပ်မယ့် BTEC Higher National Diploma အတန်းတွေဖြစ်တဲ့ Engineering နဲ့ Business Management ဘာသာရပ်များကို သင်ကြားနိုင်မယ့် ကျောင်းတစ်ကျောင်း ဖြစ်ပါတယ်။

ဒါ့အပြင် BTEC HND သင်တန်းကာလ တစ်လျှောက်လုံးမှာ လက်တွေ့လုပ်ငန်းခွင် လေ့လာရေးခရီးစဉ်များ (Industrial Visit) ကို သက်ဆိုင်ရာ ဘာသာရပ်အလိုက် စီစဉ်ပို့ဆောင်ပေးခြင်း နဲ့ အလုပ်သင်အစီအစဉ် (Internship Programme) များကို စီစဉ်ပေးထားတယ်လို့ သိရပါတယ်။

သင်တန်းတွေအကြောင်း အသေးစိတ်ကို ဆက်သွယ်စုံစမ်း မေးမြန်းချင်ရင်တော့ …
လိပ်စာ - အမှတ် (၇၅) ၊ သိမ်ဖြူလမ်း (အောက်ဘလောက်)၊ ဗိုလ်တထောင်မြို့နယ်၊ ရန်ကုန်မြို့။
ဖုန်း - ‎၀၉ ၉၅၃ ၀၀၅ ၉၅၉၊ ၀၁ ၂၉၇ ၆၇၃

အခြားသော Private University တွေကို ထပ်မံရှာဖွေချင်တယ်ဆိုရင်တော့ အောက်ပါလင့်ခ်မှာ ဝင်ရောက်ရှာဖွေလို့ ရပါတယ်။

https://bit.ly/2XZWeeM

Bookmark