မြန်မာနိုင်ငံ၏ ဦးဆောင်အာမခံကုမ္ပဏီ ဖြစ်သည့် KBZMS နှင့် အာရှ၏ အကြီးဆုံး အကျိုးဆောင် ကုမ္ပဏီများထဲမှ တစ်ခုဖြစ်သည့် Inter Pan တို့မှ မြန်မာနိုင်ငံရှိ Inter Pan၏ ရင်းနှီးမြှုပ်နှံသူများကို တစ်နှစ်သက်တမ်းရှိ ကျန်းမာရေးအာမခံ အခမဲ့အကာအကွယ်ပေးမည့် ပူးပေါင်းဆောင်ရွက်မှုတစ်ခုကို နိုဝင်ဘာ (၁၉)ရက်နေ့တွင် လက်မှတ်ရေးထိုး ဆောင်ရွက်ခဲ့သည်၊၊
ထိုသို့ ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်ခြင်းဖြင့် KBZMS သည် ကျန်းမာရေးအာမခံ ပေါ်လစီများကို Inter Pan ၏ Client များအား ပေးစွမ်းနိုင်မည် ဖြစ်သဖြင့် မြန်မာနိုင်ငံအနှံ့ရှိ ကျန်းမာရေးအာမခံ ကာကွယ်ပေးမှုများကို ပိုမိုလုပ်ဆောင်နိုင်မည် ဖြစ်သည်၊၊
Inter Pan သည် ဘဏ္ဍာရေးရာ လုပ်ငန်းများနှင့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများတွင် ဆုတံဆိပ် ပေါင်းများစွာကို ရရှိထားသည့် ကုမ္ပဏီတစ်ခု ဖြစ်သည့်အတွက် မြန်မာနိုင်ငံ၏ ကျန်းမာရေးအာမခံ ဈေးကွက်တိုးတက်မှုကို အရှိန်မြှင့်တင်နိုင်ရန်အတွက် မျှော်လင့်ထားကြောင်း KBZMS မှ တာ၀န်ရှိသူ တစ်ဦးမှ ပြောကြားထားသည်၊၊
လွန်ခဲ့သည့်နှစ်များတွင် မြန်မာနိုင်ငံရှိ ကျန်းမာရေး အာမခံ အကာအကွယ်ရှိသည့် လူဦးရေ အရေအတွက်သည် ရာခိုင်နှုန်းအားဖြင့် နည်းပါးလျက်ရှိပြီး ယခုနှစ်အတွင်းတွင် မြန်မာငွေကျပ် (၁၆၆) ဘီလီယံအထိ တိုးတက်လာသည်ကို တွေ့ရှိရကြောင်း KBZMZ မှ CEO ဖြစ်သူ၏ ပြောကြားချက်အရ သိရှိရသည်၊၊
KBZMS အနေဖြင့် ၎င်းတို့၏ စျေးကွက်ချဲ့ထွင်ရေးအတွက် နည်းပညာပိုင်းဆိုင်ရာ Platform များကို ပိုမိုတိုးတက်စေရန် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ထားလျက် ရှိပြီး မြန်မာ့အာမခံဈေးကွက်တွင် Cloud အခြေပြု System တစ်ခုကို(၂၀၂၀)ခုနှစ်၊ ဇူလိုင်လမှ စတင်ခဲ့သည် ဖြစ်သည်၊၊
အဆိုပါ ကုမ္ပဏီသည် ကမ္ဘောဇ အထွေထွေအာမခံကုမ္ပဏီနှင့် ဂျပန်နိုင်ငံ၏ အာမခံ ကုမ္ပဏီကြီးဖြစ်သည့် Mitsui Sumitomo Insurance (MSI) တို့၏ ဖက်စပ် လုပ်ငန်းဖြစ်ပြီး အမေရိကန်ဒေါ်လာ (၂၆.၄) သန်းတန်ဖိုးရှိပြီး မြန်မာနိုင်ငံ၏ မြို့ကြီး (၁၉) မြို့တွင် ရုံးခွဲပေါင်း (၂၁)ခုရှိကြောင်း KBZMS မှ ထုတ်ပြန်ထားချက်များအရ သိရှိရသည်၊၊