လာမယ့် ဆောင်းတွင်းမှာ ခေတ်စားလာနိုင်တဲ့ Fashion Design ဆန်းများ

Ads Ads Ads

By Thant''

အခုကာလက မိုးတွင်းကာလ ကုန်ဆုံးလို့ ဆောင်းတွင်းကို ရောက်တော့မယ့်စဲစဲ အချိန်ကာလတစ်ခု ဖြစ်တာကြောင့် ဆောင်းတွင်းရောက်တဲ့အခါ  ခေတ်စားလာနိုင်တဲ့ ဖက်ရှင်ဒီဇိုင်းဆန်းလေးတွေကို ပြောပြပေးလိုက်ပါတယ်။ 

(၁) ရောင်စုံ ကုတ်အင်္ကျီများ၊ 

ပုံမှန်ထက် ကွဲထွက်တဲ့ အရောင်တွေက ဒီဆောင်းတွင်းမှာ ခေတ်စားလာနိုင်ပါတယ်။ ရောင်စုံအင်္ကျီတွေက ပုံမှန်ဝတ်နေကြ အရောင်တွေဖြစ်တဲ့ အဖြူ၊အမဲတို့ထက်ပိုပြီး စိတ်ကို လန်းဆန်းစေပါတယ်။ ကိုယ်ကိုယ်တိုင်ကလည်း အရောင်ငြိမ်ငြိမ်လေးတွေကို ဝတ်နေကြဆိုရင် ဒီဆောင်းတွင်းမှာ အနီ၊ အပြာ၊ အဝါစတဲ့ အရောင်တွေကို ပြောင်းလဲဝတ်ကြည့်ပါ။ ကိုယ်က လူကြားထဲမှာ စတိုင်ကျကျနဲ့ ထင်ပေါ်နေတာကို တွေ့ရနိုင်ပါတယ်။ 

(၂) အပေါ်၊ အောက် အရောင်ဖျော့ ဝမ်းဆက်အဝတ်အစားများ၊

သူငယ်ချင်းတွေနဲ့ အပြင်သွားတဲ့ အခါပဲဖြစ်ဖြစ်၊ ချစ်သူနဲ့ဒိတ်တဲ့ အခါပဲဖြစ်ဖြစ် အပေါ်အင်္ကျီ အရောင်ဖျော့လေးကိုမှ အောက်က ဘောင်းဘီဖြစ်စေ၊ စကပ်ဖြစ်စေ အရောင်ဖျော့လေးနဲ့ပဲ တွဲဝတ်တဲ့ ပုံစံလေးတွေက ခေတ်စားလာနိုင်ပါတယ်။ အရောင်ဖျော့တွေထဲမှာမှ အသားရောင်က လူတိုင်းနဲ့လိုက်တာကြောင့် အဓိကခေတ်စားလာနိုင်တဲ့ အရောင်လေးပဲ ဖြစ်ပါတယ်။ အခုချိန်မှာ အဝတ်အစားဝယ်မယ် ဆိုရင်တော့ အသားရောင်၊ အညိုဖျော့ဖျော့ အရောင်နဲ့ ယင်းသားရေရောင်ရှိတဲ့ အရောင်တွေကို အဓိကထား ဝယ်သင့်ပါတယ်။ 

(၃) အပြာရောင် Accessory များ၊ 

အသားရောင်နဲ့ အပြာရောင် ရောနှောဝတ်ဆင်တာက ဆောင်းရာသီရဲ့ အကောင်းဆုံး အရောင်ရောစပ်မှုတစ်ခု ဖြစ်လာနိုင်ပါတယ်။ အခုရက်ပိုင်းတွင်းမှာကိုပဲ အပြာရောင်နဲ့ အသားရောင် ရောနှော ဝတ်ဆင်လာကြတာကို တွေ့နေရပါပြီ။ အပေါ်မှာပြောခဲ့တဲ့ အရောင်ဖျော့ ဝမ်းဆက်ကို အပြာရောင် လက်ကိုင်အိတ်နဲ့ တွဲဖက်ဝတ်ဆင်လိုက်တာက သင့် Fashion ကို ပိုပြီးလှပအောင် အထောက်ကူပြုစေမှာပါ။ 

(၄) ချိန်းကြိုးပုံစံ ဆွဲကြိုး (သို့) နားကွင်းများ 

ချိန်းကြိုးပုံစံ ဆွဲကြိုးနဲ့ နားကွင်းတွေက ဟိုးအရင်ကတည်းက အခုချိန်ထိ ခေတ်စားနေဆဲ Fashion Design တစ်မျိုးဖြစ်ပါတယ်။ ရွှေရောင်နဲ့ ငွေရောင်ကတော့ ဒီနှစ်တွင်းမှာ ပြန်ပြီး ခေတ်စားလာနိုင်တဲ့ Accessory အရောင် ဖြစ်ပြီး ဘယ်လို Fashion မျိုးနဲ့ပဲတွဲဝတ်ဝတ် လိုက်ဖက်နိုင်မယ့် အရောင်လည်း ဖြစ်ပါတယ်။ 

အပေါ်မှာပြောပြခဲ့တဲ့ ပစ္စည်းလေးတွေကို ဝယ်ယူချင်တယ်ဆိုရင်တော့ အောက်မှာ ဖော်ပြထားတဲ့ လင့်ခ်မှာ ရန်ကုန်မြို့တွင်းရှိတဲ့ Fashion Shops စုစုပေါင်း ( ၃,၁၁၈ ) ဆိုင်ကို ဝင်ရောက်ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။ 

>>> https://bit.ly/2RaPMhq 

Shopping & Promo Live-Style Yangon Trend Read 408 times