ဇူလိုင်တစ်လလုံး Delivery Free နဲ့ ပို့ဆောင်ပေးနေတဲ့ Grab Food




By - WMMH (Mizzy)

GrabFood ကနေ ဇူလိုင်အထူးပရိုမိုးရှင်းအနေနဲ့ ၂၀၂၀ ခုနှစ်၊ ဇူလိုင်လ တစ်လလုံး အစားအသောက် မှာယူသူတိုင်းကို Free Delivery နဲ့ ပို့ဆောင်ပေးသွားမယ်လို့ သိရပါတယ်။

Lotteria ၊ KFC ၊ YKKO ၊ The Pizza Company ၊ Gong Cha နဲ့ KSS ဒံပေါက်ဆိုင် စတာတွေ အပါအဝင် GrabFood Application ကနေ မှာယူမှုအများဆုံးဖြစ်တဲ့ ဆိုင်ပေါင်း (၅၀) တိတိကို ပို့ဆောင်ခ အခမဲ့နဲ့ လိုက်လံ ပို့ဆောင်ပေးသွားမှာ ဖြစ်ပါတယ်။

GrabFood က မှာယူ စားသုံးသူများအနေနဲ့ ပို့ဆောင်ခ အခမဲ့ရရှိနိုင်တဲ့ စားသောက်ဆိုင်များကို Grab Application Homepage ရဲ့ Free Delivery အုပ်စုထဲမှာ အလွယ်တကူ ရှာဖွေတွေ့ရှိနိုင်မှာ ဖြစ်ပါတယ်။ 

အခမဲ့ ပို့ဆောင်မှု ရရှိနိုင်ဖို့ Promo Code " JUSTEAT " ကို အသုံးပြုရမှာပဲ ဖြစ်ပါတယ်။ Minimum Order အနည်းဆုံး ငွေကျပ် (၄,၀၀၀) ဖိုး မှာယူရမှာ ဖြစ်ပြီး၊ နေ့စဉ် ပထမဦးဆုံး မှာယူတဲ့ Order (၅၀၀) ခုထိ အခမဲ့ ပို့ဆောင်ပေးမှာ ဖြစ်ပါတယ်နော်။

GrabFood ရဲ့  လိပ်စာနဲ့ ဖုန်းနံပါတ်များကိုတော့ အောက်ပါ Link မှာ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။

>>> https://bit.ly/2ZUwyAw 

<< Back
Eat & Drink Shopping & Promo Read 282 times

Featured categories

All categories