အိန္ဒိယက မြန်မာအပါအဝင် နိုင်ငံ ၃ နိုင်ငံသို့ Covidshield ဆေးအလုံးရေ ၁ သန်းစီ တင်ပို့မည်

Read 228 times

အိန္ဒိယ ဆေးကုမ္ပဏီ ဆီရမ် အင်စတီကျူ့က မြန်မာ၊ နီပေါ နှင့် ဘင်္ဂလားဒေ့ရှ်တို့၌ ကပ်ရောဂါ တိုက်ဖျက်မှုကို 
ကူညီရန်အတွက် အိန္ဒိယနိုင်ငံထုတ် COVID-19 ကာကွယ်ဆေး Covid shield အလုံးရေ ၁ သန်းစီ တင်ပို့သွားမည် ဖြစ်ကြောင်း သိရသည်။

အက်စ်ထရာ ဇန်နကာ- အောက်စ်ဖို့ဒ် ကာကွယ်ဆေးကို အိန္ဒိယတွင် ထုတ်လုပ်နေသည့် ဆီရမ် အင်စတီကျူ့၏ အဆိုပါ တင်ပို့မှုကြောင့် သက်ဆိုင်ရာနိုင်ငံများတွင် ကာကွယ်ဆေးထိုးလုပ်ငန်းများကို အရှိန်ပိုသွက်စေမည် ဖြစ်သည်။လက်ရှိအချိန်အထိ အိန္ဒိယ ဆီရမ်အင်စတီကျူ့ (SII) သည် ယင်း၏ COVID-19 ကာကွယ်ဆေး 
Covishield အလုံးပေါင်း သန်း ၇၈၀ နီးပါး တင်ပို့ထောက်ပံ့ပေးထားပြီး ဖြစ်ပြီး အောက်တိုဘာလတွင် အလုံးရေ ၂၁၅ သန်းနီးပါး တင်ပို့နိုင်ရန် ရည်မှန်းထားကြောင်း  သတင်းရင်းမြစ်များက ပြောသည်။

တချိန်တည်းမှာပင် အိန္ဒိယဗဟိုအစိုးရသည် ယခုလအတွင်း ကာကွယ်ဆေး အလုံးရေ သန်း ၂၇၀ မှ သန်း ၂၈၀ အကြား ရရှိသွားနိုင်ရန် လျာထားပြီး အောက်တိုဘာလလယ်မတိုင်မီ နိုင်ငံတွင် ကာကွယ်ဆေးထိုးနှံမှုပေါင်း သန်း ၁၀၀၀ ပြည့်မီနိုင်ရန် မျှော်မှန်းထားကြောင်း ANI က အ‌စောပိုင်းက ဖော်ပြခဲ့သည်။

Bookmark