မြန်မာနိုင်ငံတွင် ၂၀၂၀ ခုနှစ်၊ မတ်လ၌ COVID-19 ပိုးတွေ့လူနာ စတင် တွေ့ရှိခဲ့ပြီး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ဧပြီလမှစ၍ အမိန့်ကြေညာချက်များကို ထုတ်ပြန်ခဲ့ကာ လက်ရှိတွင် ထုတ်ပြန်ချက်က ရက်တိုးမြှင့် သတ်မှတ်ဆောင်ရွက်ထားပါတယ်။
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် အမိန့်များဖြစ်သော...
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနရဲ့ စည်းကမ်းချက်များနဲ့ အညီ ပြည်တွင်း ခရီးသွားလာမှုများ ပြန်လည် ပြေးဆွဲလျက်ရှိသော်လည်း ကန့်သတ်ချက်အားလုံးသည် ယခုချိန်ထိ ဆက်လက် အသက်ဝင်နေဆဲ ဖြစ်သည်။
ပြည်ပနိုင်ငံ အသီးသီးမှ ခရီးသွားများအနေဖြင့် မလွှဲမရှောင်သာ ကိစ္စရပ်ကြောင့်ဖြစ်စေ (သို့မဟုတ်) အရေးပေါ် တာဝန်ဖြင့်ဖြစ်စေ မြန်မာနိုင်ငံသို့ လာရောက်ရန် ရှိပါက ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များအတိုင်း တိကျစွာ လိုက်နာရမည် ဖြစ်သည်။
ထိုသို့ ထုတ်ပြန်ထားသည့် အမိန့်ညွှန်ကြားချက်များကို လိုက်နာရန် ပျက်ကွက်ပါက တည်ဆဲစည်းမျဉ်း၊ စည်းကမ်း၊ ဥပဒေ၊ နည်းဥပဒေများနှင့်အညီ ထိရောက်စွာ အရေးယူ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြည်ထောင်စုအစိုးရအဖွဲ့မှ (၂၀၂၀)ခုနှစ်၊ ဒီဇင်ဘာလ (၂၉) ရက်နေ့တွင် ထပ်မံ ထုတ်ပြန်ခဲ့သည်။
Coronavirus Disease 2019 (COVID-19) ရောဂါကူးစက်ပျံ့နှံ့မှုကို ဆက်လက် ထိန်းချုပ်ဆောင်ရွက်ရန် လိုအပ်ပါသဖြင့် ပြည်ထောင်စုအဆင့်အဖွဲ့အစည်းများ၊ ပြည်ထောင်စုဝန်ကြီး ဌာနများမှ Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ တားဆီးရေးအတွက် ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ (၃၁) ရက်နေ့အထိ ထုတ်ပြန်ထားသော ပြည်သူသို့ပန်ကြားချက်၊ အမိန့်၊ အမိန့်ကြော်ငြာစာ၊ ညွှန်ကြားချက်များ (ဖြေလျှော့တိုးမြှင့်ရန် လိုအပ်သည့်ကိစ္စရပ်များ မပါ)အား ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ (၃၁) ရက်နေ့ အထိ ရက်တိုးမြှင့်သတ်မှတ်ဆောင်ရွက်ထားပါကြောင်း အသိပေးကြေညာအပ်ပါသည်။
ယခုအချိန်သည် COVID-19 ရောဂါ ကူးစက်ပြန့်ပွားနိုင်သည့် အန္တရာယ် ကြီးမားနေသောကြောင့် ပြည်သူများအနေဖြင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် အမိန့်ညွှန်ကြားချက်များကို တိကျစွာ လိုက်နာရန် လိုအပ်ပေသည်။
By Yangon Directory