မင်္ဂလာဒုံမြို့နယ်တွင် COVID-19 လူနာသစ် ( ၁၅ ) ဦး ထပ်တိုး၊ စုစုပေါင်း ( ၂၂၁ ) ဦး ရှိလာ

Ads Ads Ads

ကျန်းမာ‌ရေးနှင့် အားကစားဝန်ကြီးဌာန၏ စက်တင်ဘာလ ၂၄၊ ၂၀၂၀ ( ညနေ ၆း၃၀ နာရီအချိန် ) ထုတ်ပြန်ချက်များအရ မင်္ဂလာဒုံမြို့နယ်တွင် COVID-19 ဓာတ်ခွဲအတည်ပြု လူနာသစ် (၁၅ ) ဦး ထပ်တိုးလာပြီး စုစုပေါင်းလူနာ ( ၂၂၁ ) ဦး ရှိပြီ ဖြစ်ကြောင်း သိရသည်။

ကူးစက်ခံရသူ လူနာများအနက် Case-2171, Case-5888, Case-7741, Case- 7727, Case-7153, Case-7157, Case-7169, Case-7186, Case-7184, Case-7185, Case-7718, Case-7716, Case-7204, Case-4534 စသည့် လူနာ ( ၁၄ ) ဦးမှာ သေဆုံးခဲ့ကြောင်းလည်း ထုတ်ပြန်ထားသည်။

မြန်မာတစ်နိုင်ငံလုံးတွင် မတ်လ (၂၃) ရက်နေ့မှ ယနေ့အထိ COVID-19 ဓာတ်ခွဲအတည်ပြုလူနာ စုစုပေါင်း (၈၅၁၅) ဦးရှိပြီး ဆေးရုံဆင်းခွင့်ရသူ (၂၃၈၁) ဦး နှင့် သေဆုံးလူနာ (၁၅၅) ဦး ရှိပြီ ဖြစ်သည်။

COVID-19 Updated Read 1653 times