ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ စက်တင်ဘာလ ၂၃၊ ၂၀၂၀ ( ညနေ ၄း၃၀ နာရီအချိန် ) ထုတ်ပြန်ချက်များအရ မင်္ဂလာဒုံမြို့နယ်တွင် COVID-19 ဓာတ်ခွဲအတည်ပြု လူနာသစ် (၁၃ ) ဦး ထပ်တိုးလာပြီး စုစုပေါင်းလူနာ ( ၁၉၃ ) ဦး ရှိပြီ ဖြစ်ကြောင်း သိရသည်။
ကူးစက်ခံရသူ လူနာများအနက် Case - 6703, Case - 6916, Case - 3367, Case - 4343, Case - 4055, Case - 6776, Case - 6781, Case - 6806, Case - 6805, Case - 6743, Case - 6744, Case - 6782, Case - 1605 လူနာ ( ၁၃ ) ဦးမှာ သေဆုံးခဲ့ကြောင်းလည်း ထုတ်ပြန်ထားသည်။
မြန်မာတစ်နိုင်ငံလုံးတွင် မတ်လ (၂၃) ရက်နေ့မှ ယနေ့အထိ COVID-19 ဓာတ်ခွဲအတည်ပြုလူနာ စုစုပေါင်း (၆၉၅၈) ဦးရှိပြီး ဆေးရုံဆင်းခွင့်ရသူ (၁၉၅၁) ဦး နှင့် သေဆုံးလူနာ (၁၂၉) ဦး ရှိပြီ ဖြစ်သည်။