ဒီနေ့ကတော့ ရုပ်ရှင်တွေမှာလည်းပါတဲ့အပြင် လူတော်တော်များများလည်း ကြိုက်ကြတဲ့ ကိုရီးယားထမင်းသုပ် လုပ်နည်းလေးကို ပြောပြပေးသွားမှာပါ။
လွယ်လွယ်ကူကူနဲ့ လုပ်လို့ရတာမို့လို့ အိမ်မှာ ကိုယ့်ဘာကိုယ် လုပ်စားဖို့လည်းအဆင်ပြေမှာပါ။
ပါဝင်ပစ္စည်းများ (၅ ပွဲစာ)
မုန်လာဥနီ - တစ်တောင့်
ရှိတာခီမှို - ၂၀ဝ ဂရမ်တစ်ထုပ်
ပဲပင်ပေါက် - ၂၀ဝ ဂရမ်
ဖရုံသခွား - တခြမ်း
သခွားသီး - တစ်လုံး
မုန်ညင်းရွက်နုနု
နှစ်သက်ရာအသား - ၂၀ဝ ဂရမ်
ပဲငံပြာရည် အကြည် - စားပွဲဇွန်း ၂ဇွန်း
ဆား - လက်ဖက်ရည်ဇွန်း ၂ဇွန်း
နှမ်းလှော် - တစ်ပန်းကန်
နှမ်းဆီမွှေး - တစ်ပန်းကန်
ဆီ - အနည်းငယ်
ကြက်ဥ - ၅ လုံး
ငရုတ်သီးဆော့စ် - တစ်ပန်းကန်
ထမင်းဖြူ - ၅ ပွဲ
ရေညှိခြောက် - တစ်ထုပ်
ငရုတ်ကောင်း - အနည်းငယ်
ပြုလုပ်နည်းအဆင့်ဆင့်
၁။ ဦးစွာအသုံးပြုမည့် အသားကို ပါးပါးလှီးပြီး ပဲငံပြာရည်၊ ဆား၊ ဆီမွှေး၊ ငရုတ်ကောင်းထည့်ပြီး နယ်ထားပါ။ အမဲသားကို အသုံးများကြပေမယ့် ကိုယ်ကြိုက်တဲ့ အသားအစားထိုးလို့ရပါတယ်။
၂။ ပါဝင်သီးနှံများအားလုံးကို ရေဆေးသန့်စင်ပြီး အမျှင်အချောင်းလေးများ လှီးဖြတ်ကာ သီးသန့် တစ်ပန်းကန်စီ ထည့်ထားပါ။
၃။ သခွားသီးအချောင်းလေးများကို ဆားနယ်ပြီး ခဏထားပါမယ် ရေဆေးပြီးရင် ရေညှစ်ထားပြီး ပန်းကန်ပြားအကြီးတွင်ထည့်ပါ။
၄။ မုန်ညင်းနုနုလေးတွေကို သင်ပြီး ရေနွေးနဲ့ဖျောပြီး ရေစစ်ထားပါမယ်။
၅။ အားလုံးအသင့်ဖြစ်ပြီဆိုရင် ဒယ်အိုးတစ်ခုကို အပူပေးဆီထည့်ပြီး မုန်လာဥအမျှင်လှီးထားသည်ကို ထည့်ကြော်ပါ။ဆားအနည်းငယ်ဖြူးပြီး ပန်းကန်ပြား အကြီးတစ်ချပ်တွင်တစ်ပုံထားပါ။
၆။ ကျန်တဲ့ပဲပင်ပေါက်၊ ရှိတာခီမှို၊ ဖရုံသခွားတို့အားလုံးကိုလည်း ကြော်ပြီး ပန်းကန်တွင်ထည့်ပါ။
၇။ မုန်ညင်းရွက်ကို ပဲငံပြာရည်၊ ဆီမွှေးနှင့်နှမ်း လှော်ထည့်ပြီး သမအောင် မွှေကာ ကြော်ပေးပါ။
၈။ နောက်ဆုံးတွင် အရသာနယ်ထားသော အသားကို ကြော်ပါ။ ပန်းကန် သို့မဟုတ် ဗန်းတွင်အားလုံးသော အသီးအရွက်ကြော်တို့ကို တစ်ပုံစီ စီထည့်ထားပြီး နှမ်းဆီ နှင့်နှမ်းတို့ကို ဖြူးပေးပါ။
၉။ အားလုံးအသင့်ဖြစ်ပါက ကြွေပန်းကန်လုံး သို့မဟုတ် ကျောက်ပန်းကန် အပူတွင် ထမင်းထည့်ပါ။ ကျောက်ပန်းကန်အပူသုံးပါက နှမ်းဆီလူးပြီး မှ ထမင်းထည့်ပါ။
၁၀။ အပေါ်မှကြော်ထားသော သီးနှံအသားတို့ကို အစီအရီထည့်ပေးပါ။ ရေညိအမျှင် လေးများထည့်ပါ။နှမ်းဖြူးပါ။
၁၁။ ကြက်ဥအစိမ်း သို့မဟုတ် မကျက်တကျက်ကြော်ပြီး အပေါ်မှတင်ပေး ကာ ပဲငံပြာ ရည်၊ ငရုတ်သီးဆော့စ်ဖြင့် တွဲဖက်တည်ခင်းနိုင်ပါပြီ။
* နှစ်သက်ရာအသားတစ်မျိုးနှင့် အသီးအရွက် ၆ မျိုး ၇ မျိုးကိုသုံးနိုင်ပါ တယ်။
* ငရုတ်သီးအနှစ်ပြုလုပ်ရန် Readymade ကိုရီးယား ငရုတ်နှစ်ကို နှမ်းဆီ၊ နှမ်းလှော်၊ သကြား၊ ရှလကာရည်၊ ကြက်သွန်ဖြူ နုပ်နုပ်စဉ်းတို့ ကို ထည့်ပြီး လိုချင်သော ချဉ်ငန်စပ်အရသာကိုပြုလုပ်ပါ။
* အသင့်သုံး ငရုတ်သီးအနှစ်တွင် ပဲငါးပိအရသာပါဝင်ပြီး ဖြစ်ပါတယ်။